{154}

2.8K 356 15
                                    

Unicode 💙

"နင်ဘာပြောလိုက်တယ်?" ယွီအန်းယီကတော့ အံ့အားသင့်လျက်။

"ကွမ်းရှယွင်က ကျိချင်းကျိုးကိုကြိုက်နေတာ"

ဒီတစ်ခါတော့ ချူချန်က သေချာသည့်စကားကို သုံးလိုက်သည် ။

"နင်ဘယ်လိုသိလိုက်တာလဲ?"

"တစ်ယောက်ယောက်က ငါ့ကောင်လေးကို လာတပ်မက်နေတဲ့ဟာ အာရုံမခံမိပဲနေပါ့မလား?"

ယွီအန်းယီ ပြန်စမ်းစစ်ကြည့်ကာမှ နေ့လည်၌ သူမ ကျိချင်းကျိုးကို ကြိုက်နေသလားဆိုသည့်ကွမ်းရှယွင်ရဲ့ အမေးစကားကို ပြန်တွေးမိသည်။ရုတ်တရက်ကြီး ဒီမေးခွန်းမေးရတဲ့အကြောင်း မအံ့ဩတော့ပါဘူးနော်။ထို့ကြောင့် သူမက အိမ်ကို ပြန်ဖို့ အရမ်းအလျင်လိုနေပြီး ကင်မရာပိတ်၍ သူမကိုမေးခွန်းမေးခဲ့တာဖြစ်ပါသည်။

"ဒီနေ့လည်း ကျိချင်းကျိုးကို တစ်ရှူးထုပ်ကြီးပေးတယ်" ချူချန်ပြောလိုက်သည်။

"လျန်ကျင်းရှင်ရော အဲ့မှာ ရှိတဲ့တစ်ခြားငနဲတွေကိုရောသူ ပေးခဲ့လို့လား?"

ခေါင်းတစ်ခါခါနဲ့ယွီအန်းယီရယ်ပါ။

"ကဲ သူက ဘာလို့ ကျိချင်းကျိုးကိုပဲပေးခဲ့တာလဲ?"

"အဲ့ဒါ ကျိချင်းကျိုးမနက်က ငါတို့ကို ရေကူသယ်ပေးတာကြောင့်လည်း ဖြစ်ချင်ဖြစ်မှာပေါ့"

"ထား! ဒါဆို ငါ့ကိုရော ပေးသင့်တယ်မဟုတ်ဘူးလား? ယာယီအဖွဲ့ဖွဲ့ချိန်က မင်းက ကျိချင်းကျိုးကိုရွေးလို့ သူနဲ့ငါက တစ်ဖွဲ့ဖြစ်သွားတာကိုလေ"

"ဟုတ်သားပဲ"

"မင်း သူ့ကို သွားမေးကြည့်လိုက်။တကယ်လို့ သူက မကြိုက်ဘူးဆို ငါကိုက  သက်သက်လိုက်ပြီး အလွန်အကျွံ ဆတ်ဆတ်ထိမခံဖြစ်နေလို့ ဟုတ်ဟုတ်မဟုတ်ဟုတ်တွေမြင်နေတာ။ဒါပေမယ့် သူတကယ်ကြီး ကြိုက်နေတာဆိုရင်တော့နော် မင်းသူငယ်ချင်းကို မင်းဒီအခြေအနေကနေ  ဖြစ်နိုင်သလောက် ရပ်တန်းကရပ်ဖို့ အကြံပေးလိုက်သင့်တယ်"

ယွီအန်းယီက ခေါင်းညိမ့်ကာ ချူချန်ကို မကျေမနပ်မော့ကြည့်လိုက်သည်။

ဗီလိန်ဥက္ကဋ္ဌရဲ့ ချစ်သူလေးအဖြစ်ကူးပြောင်းလာခြင်း [မြန်မာဘာသာပြန်]Where stories live. Discover now