{155}

2.1K 321 10
                                    

Unicode

ချူချန်တစ်ယောက် နားကိုဖိအုပ်လျက် မျက်မှောင်ကြုံ့ရင်းသူ့လက်မောင်းတွေထဲ တိုးဝှေ့လာသူအား ကြည့်ရှူနေလိုက်သည်။သူ့လက်တွေကို တစ်ဖက်လူ၏နားရွက်လေးများပေါ် နူးညံ့ညင်သာစွာ ထပ်အုပ်လိုက်ပြီး အပြင်ဘက်ဆူညံ့သံတွေကို ကူပိတ်ပေးဖို့လုပ်လိုက်သည်။

ကျိချင်းကျိုးကတော့ သူ့လက်မောင်းတွေထဲ တစ်နာရီလောက်ထပ်အိပ်ပြီးကာမှ အိပ်ရာနိုးလာ၏။တစ်ဖက်က နည်းနည်းအိပ်ချင်မူးတူးဖြင့် ပျော့ဖက်နေတာကိုကြည့်ရင်း ချူချန်တစ်ယောက် ကျိချင်းကျိုးမျက်နှာကို အကြိမ်အများကြီး လက်နဲ့ထိုးနေမိသည်မှာ ကျိချင်းကျိုးပါးစပ်ဟပြီး ထို့သူ့လက်ကို ကိုက်ဖို့ပြင်ရတဲ့အထိပင်။ကျေနပ်သွားလေသော ချူချန်ကတော့ လက်ပြန်သိမ်းသွား‌ေလသည်။

အဝတ်အစားလဲပြီးနောက် လွယ်တဲ့ဟာလေးတွေပဲလုပ်စားလိုက်ကြသည်။အစားသောက်စားနေကြစဉ်တွင်း သူတို့မနေ့က ရိုက်ကူးရေးလုပ်ထားသည့်နေရာမှာပဲ ပြန်စုဖို့ရန် အသိပေးသည့်ရိုက်ကူးရေးအဖွဲ့ပေးသော တာဝန်ကဒ်အားရရှိလိုက်သည်။

ကျိချင်းကျိုးတစ်ယောက် အသီးအရွက်ခူးရမည်ဟုပြောထားသောတာဝန်ကဒ်လေးအားကြည့်ကာ တစ်ယောက်တည်းတွေးနေမိသည်။

'မနေ့ကပဲငါတို့ကို အသီးအရွက်တွေရောင်းခိုင်းထားကြတာမဟုတ်ဘူးလား။ဒါဖြင့်ဒီနေ့အသီးအရွက်တွေကိုရောင်းရမှာပဲလား?အဲ့ဒါဆို  ဒီရှိုးက ကျယ်ပြန့်တဲ့ဈေးရောင်းရသစုံရှိုးကြီးဖြစ်သွားမှာပေါ့!'

သို့သော်ငြား ရိုက်ကူးရေးအဖွဲ့ကတော့ သူတို့မထင်မှတ်လောက်သည့်ဂိမ်းတွေကို စနစ်တကျစီစဉ်ထားခဲ့သည်။

"ကျွန်တော်မေးပါရစေဦး! ဧည့်သည်တော်တို့အားလုံးထဲမှာ ဘယ်သူကများ ဟင်းချက်နိုင်ပါသလဲဗျ?" တင်ဆက်သူသည် ရှေ့မှလူတွေအားကြည့်လျက် မေးသည်။

ချူချန်သည် မိမိ၏အခုဟင်းချက်စကေးကအဆင်ပြေတယ်ဟုခံစားရသဖြင့် လက်မြှောက်ရန်ပြင်စဉ် ကျိချင်းကျိုးက တည်ငြိမ်စွာ သူ့လက်ကို ပြန်ဆွဲချနေသည်။လုံးဝမပါ‌ဝင်စေချင်ပုံရနေတဲ့ ကျိချင်းကျိုးကို သူစွေကြည့်လိုက်တော့ ထိုသူက သူ့ညာဘက်လက်ကို ရုပ်တည်ဖြင့် မြှောက်လိုက်တာ တွေ့လိုက်ရသည် ။

ဗီလိန်ဥက္ကဋ္ဌရဲ့ ချစ်သူလေးအဖြစ်ကူးပြောင်းလာခြင်း [မြန်မာဘာသာပြန်]Where stories live. Discover now