{156}

2.5K 321 11
                                    

Unicode

ကျိချင်းကျိုးမှာ အနိုင်အရှုံးရယ်ဟူ၍ပြင်းပြတဲ့ဆန္ဒမရှိခဲ့ပါ။အနိုင်အရှုံးအစားခဏလောက်သာ ကောင်းကောင်းအနားယူချင်ခဲ့သည်။တကယ်တော့ ဟင်းရှစ်ပွဲလောက်ချက်ပြီးနောက်သူပင်ပန်းနေပြီဖြစ်သည်။
တင်ဆက်သူက စားပြီးသူတိုင်းကို မဲပေးကြဖို့သာသတိပေးလေသည်။

"ကျင်းရှင်နဲ့စလိုက်ကြရအောင်"

လျန်ကျင်းရှင် ထိုသူ့အနောက်ကို လျှောက်သွားလိုက်သည်။ဝန်ထမ်းတွေက ဘောပင်စာရွက်တွေပြင်ပေးထား၏လျန်ကျင်းရှင်က လျှို့ကျစ်ရှင်းနဲ့နာမည်ကိုရေးပြီးခေါက်ကာ မဲပုံးထည့်လိုက်သည်။သူ့သရုပ်ပြမှုနှင့်နောက်လူတွေလည်းတစ်ယောက်ပြီးတစ်ယောက် စားဖိုမှူးနာမည်ရေးကာ မဲပုံးထဲထည့်လိုက်ကြသည်။တင်ဆက်သူကနောက်ဆုံးမ‌ဲပေးရသူဖြစ်သည်။သူကနာမည်ရေးပြီး မဲပုံးထဲထည့်လိုက်ကာ ခလောက်၍ စတင်ရေတွက်လေတော့သည်။

ကျိချင်းကျိုးနဲ့လျှို့ကျစ်ရှင်းမယ် ဘာရယ်မဟုတ် အခုမှ စိတ်လှုပ်ရှားလာ၏။တင်ဆက်သူက မဲတွေဖွင့်လိုက် သူတို့နာမည်ရွတ်လိုက်လုပ်နေတာကို နားဆင်ရင်း စိတ်ကိုဖြည်းဖြည်းချင်းဆွဲဆန့်ထားရ၏။

"လျှို့ကျစ်ရှင်း၊ကျိ‌ချင်းကျိုး" တင်ဆက်သူက နောက်ဆုံးကျန်တဲ့ မဲနှစ်ရွက်မှ သူတို့နာမည်တွေဖတ်ပြီး အဆုံးသတ်လိုက်သည်။

တာဝန်ကျဝန်ထမ်းက ရေတွက်ထားတဲ့ whiteboard လေးကို သူ့လက်ထဲ လွှဲပေးလာသည်။

သူကကြည့်ပြီး ရယ်သံပြုကာ whiteboard ကို ကင်မရာဘက်ထောင်ပြသည်။

" ကျိချင်းကျိုး၁၂မဲနဲ့ လျှို့ကျစ်ရှင်း၁၁မဲ။ကြည့်ရတာ ‌ဒီပွဲရဲ့အနိုင်ရသူက ကျိချင်းကျိုးပဲဖြစ်ပါတယ်ခင်ဗျာ။"

ကျိချင်းကျိုးနဲ့ချူချန်က တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ ရယ်မောလိုက်ကြသည်။ ယွီအန်းယီကလည်း "ရက်စ်!" ဟုထအော်ကာ ကျန်တဲ့ အဖွဲ့ဝင်တွေလည်း စိတ်အေးသွားပုံတွေဖြစ်သွား၏။

ဒါပေမယ့် လျှို့ကျစ်ရှင်းဘက်က လူတွေကတော့ ရှုံးသွားကြ၏။လျှို့ကျစ်ထုန်က စိတ်မကောင်းဖြစ်သွားမိသည်။မသိစိတ်က သူမကောကို ကြည့်လိုက်မိသည်။လျှို့ကျစ်ရှင်းကတော့ သူမကို ဖျောင်းဖြလာသည်။

ဗီလိန်ဥက္ကဋ္ဌရဲ့ ချစ်သူလေးအဖြစ်ကူးပြောင်းလာခြင်း [မြန်မာဘာသာပြန်]Where stories live. Discover now