{157}

2.2K 311 16
                                    

Unicode:

:
  သူ့ကို ဒီလိုကြည့်နေခြင်းကြောင့် ချူချန် တစ်ဖက်လူရဲ့မျက်နှာလေးကို ဆွဲဆိတ်လိုက်သည်။

"ကိုယ့်ကိုအဲ့လိုလာမကြည့်နဲ့နော်။ ဒီည အကာအကွယ်တွေနဲ့ ကိုယ်တို့ စကားပဲပြောလို့ရတာမင်းသိပါတယ်။မင်း ဒီလို ကိုယ့်ကိုကြည့်နေတာက ကိုယ့်ကို စမ်းသပ်နေတာမဟုတ်ဘူးလား?"
ကျိချင်းကျိုး ပြုံးမိချေသည်။ သူ့လက်ပေါ်မှ လက်ပတ်လေးအားငုံ့ကြည့်ပြီး ကြယ်လေးကို ထိလိုက်သည်။

"လှတယ်"

ချူချန်က ကျိချင်းကျိုးကိုင်ပြီးတီးတိုးရွတ်လိုက်သည့်ကြယ်လေးကိုကြည့်လိုက်သည်။

"တစ်နေ့နေ့တစ်ချိန်ချိန် မင်း ဒီအသိုင်းအဝိုင်းကထွက်ပြီး ကြယ်ပွင့်တစ်ပွင့်ဖြစ်မနေတော့ရင်တောင်မှ မင်းက အမြဲတမ်း ကိုယ့်ရဲ့စူပါစတား၊ ကိုယ့်ပိုင်ဆိုင်မှုတွေထဲကချစ်မြတ်နိုးရတဲ့ကြယ်ပွင့်‌လေး၊ကိုယ့်ရဲ့ ကြယ်အစုအဝေးလေး"

"ခင်ဗျားလိုဖန်တီးနိုင်စွမ်းရှိတဲ့လူတွေအကုန်လုံး ဒီလိုအချစ်ကြောင်းပြောတဲ့နေရာမှာ တော်ကြတာပဲလား? " ကျိချင်းကျိုးက သိချင်ဟန်မျိုးဖြင့်မေးလေသည်။

"ကျိန်းသေပေါက်မဟုတ်ဘူးပေါ့။အဓိကအကြောင်းရင်းက ကိုယ်မင်းကိုသဘောကျလို့ ဒီစကားတွေအားလုံး ကိုယ့်နှလုံးသားထဲကလာ‌တာ"

"အော်~~~" ကျိချင်းကျိုးက အသံအရှည်ကြီး ဆွဲပြောရင်း ပြုံးကြည့်လိုက်သည်။

နောက်တစ်နေ့ ရိုက်ကူးရေးရှိနေသေးသဖြင့် နှစ်ယောက်က စကားခဏသာပြောပြီးကြနောက် အိပ်ရာဝင်ရန်လုပ်ကြပြန်သည်။ကြုံတွေ့ရလိုက်တ‌ဲ့ အဖြစ်အပျက်တွေကြောင့် ကျိချင်းကျိုး အိပ်မရတော့။ချူချန်ရောပင်။ဒီညကို ဒီလောက် ရိုးရှင်းစွာ မပြီးလိုက်သင့်ဘူးလို့ သူခံစားနေတယ်။ဒီတော့ သူတို့ စတင်နမ်းရှိုက်ကြတော့သည်။ ချူချန်က သူ့ရဲ့ညဝတ်အင်္ကျီကြယ်သီးတွေကို ဖြုတ်ရင်း အနမ်းတွေ ရှေ့ဆက်၏။

နောက်ဆုံးမှ ကျိချင်းကျိုးတစ်ယေယာက်ဖြစ်ပျက်နေတာတွေကို အသိဝင်လာကာ ချူချန်ရဲ့လက်တွေကို ဖိဆုပ်လိုက်ရင်း ပြောလိုက်သည်။

ဗီလိန်ဥက္ကဋ္ဌရဲ့ ချစ်သူလေးအဖြစ်ကူးပြောင်းလာခြင်း [မြန်မာဘာသာပြန်]Where stories live. Discover now