{158}

1.3K 220 2
                                    

Unicode。。。


ထိုစာတန်း ပေါ်လာချင်းပင် များစွာသော cp fanများကပါ သူတို့ရဲ့ ဆွဲကြိုးနဲ့ပတ်သက်ပြီး သတိထားမိသွားကြလျက် barrageပေါက်ထွက်မတတ် မေးခွန်းတွေမေးကြတော့သည်။

ချူချန်ကတော့ တည်ငြိမ်စွာပင် ရှင်းပြချက်ပေး၏။

"ဒါက... ငါ သူ့ကို အရင်ပေးဖြစ်တာ။အဲ့ချိန်တုန်းက သူက အနုပညာလောကထဲ ဝင်ခါစဆိုတော့ အတွေ့အကြုံမယ်မယ်ရရမရှိဘဲ ရိုးအအလေး။အဲ့ဒါကြောင့်  သူ ဒီအနုပညာလောကမှာ ကံကောင်းအောင်လို့ဆိုပြီး ဒီကျောက်စိမ်းပြာဆွဲကြိုးလေးပေးဖြစ်သွားတာ။သူကျတော့လည်း ငါက သူ့ကို လျော့တွက်လွန်းတယ်လို့ခံစားရပြီး ငါ့ကိုတစ်ကြိုးပြန်ပေးတယ်လေ။ စီးပွားရေးသမားတစ်ယောက်အနေနဲ့ ငါ့ကို ပိုက်ဆံနောက်လိုက်ပြီး အရောင်ဆိုးခံရတာမျိုးမဖြစ်သွားစေချင်လို့ပါ"

barrageတစ်ခုလုံး ချက်ချင်းပင် “Hahahahahahaha”တွေ "ကျေးဇူးပြုပြီး ပိုက်ဆံတွေနဲ့ငါ့ကိုအရောင်ဆိုးပေးကြပါ" တွေအသွင်ပြောင်းကုန်သည်။

စကားများများပြောလေ အမှားပါလေလေ ဖြစ်မှာကြောက်ရာ ကျိချင်းကျိုးက အလျင်စလို ဝင်ပြောလိုက်သည်။

" ဒီနေ့လိုက်ဖ်လွှင့်မှုကတော့ ဒီလောက်ပါပဲ။လူတိုင်း ‘Youth Tour’ ကြည့်ဖို့လည်းမမေ့ကြပါနဲ့နော်"

စကားဆုံးသွားသည်နှင့် ကျိချင်းကျိုးက လိုက်ဖ်ပိတ်ရန်ပြင်လိုက်သော်ငြား ချူချန်က ကမန်းကတန်းတားသည်။
" နေဦး၊ ကိုယ် စကားမပြောရသေးဘူးလေ"

ကျိချင်းကျိုးကမူ ခင်ဗျားက ဘာထပ်ပြောချင်သေးတာလဲ? ဆိုသည့်အတွေးတွေဖြင့် ပဟေဋိဖြစ်စွာ သူ့ကိုကြည့်လိုက်သည်။

ချူချန်သည် စခရင်အားကြည့်၍ ပြုံးပြလိုက်လေသည်။

"ဒီနေ့က ကျိုးကျိုးရဲ့မွေးနေ့ပါ။ လိုက်ဖ်လွှင့်ပြီးပြီဆိုတော့  သူ့ကိုhappy birthdayလို့ ပြောသွားပေးကြပါဦး" 

ဒီအပြုအမူကကျိချင်းကျိုးကို အံ့အားသင့်စေပြီး အနည်းငယ် ကမောက်ကမဖြစ်စေခဲ့သည်။

ပရိတ်သတ်တွေက လျင်မြန်စွာ တုံ့ပြန်ကြလေရာ barrage ကြီးက အလျင်အမြန်ပင် ပေါက်ကွဲထွက်မတတ် ဆုတောင်းစကားတွေ လက်ဆောင်တွေ မွေးနေ့ကိတ်‌တွေနဲ့ပြည့်သွား၏။ ကျိချင်းကျိုးသည် စခရင်ပေါ်မှ အတက်အကျဖြင့်ရောင်ပြန်ဟပ်နေသည့် စကားလုံးအမျိုးမျိုးကိုကြည့်ရင်း ချူချန်က မိမိမွေးနေ့ကို သူ့ကိုယ်တိုင်မှတ်မိနေရုံတင်မက လူတိုင်း သူ့ကို ဆုတောင်းစကားတွေပေးပို့တာကိုပါ လိုချင်နေတာပဲဟု တွေးမိသွားသည်။ ခဏတာ စိတ်အနည်းငယ်လှုပ်ရှားသွားမိတာကို မထိန်းနိုင်လိုက်ပေ။

ဗီလိန်ဥက္ကဋ္ဌရဲ့ ချစ်သူလေးအဖြစ်ကူးပြောင်းလာခြင်း [မြန်မာဘာသာပြန်]Where stories live. Discover now