{159}

1.4K 201 3
                                    

Unicode 。。。

"ငါလည်း နင့်အတွက်ပြင်ထားပါတယ်နော်" ယွီအန်းယီက အိတ်လေးတစ်လုံး သူ့လက်ထဲထည့်ပေး၏။

"ဒါပေမယ့် ငါက ကိစ္စတွေကို မှတ်ထားတဲ့နေရာမှာမတော်ဘူးမို့ ဒီနေ့နင့်မွေးနေ့ဆိုတာ မေ့သွားတာကို ဝန်ခံမှရမယ်။လျန်ကျင်းရှင် ငါ့ကို သတိပေးလို့သာ ငါသတိရသွားတာ"

ကျိချင်းကျိုးပါ အနေခက်မိတော့သည်။ချူချန်သာသတိပေးမှုမပြုခဲ့ရင် သူသည်လည်း လျန်ကျင်းရှင်နဲ့ယွီအန်းယီတို့အား ဖိတ်ဖြစ်မိမှာမဟုတ်ဘဲ ချူချန်နဲ့သာ တိတ်တဆိတ်မွေးနေ့ကျင်းပမိမှာ။သို့သော် သူ့ကို စပရိုက်ပြုရန် သူတို့နှစ်ယောက်ကတော့ မွေးနေ့လက်ဆောင်တွေ သူ့အတွက်ပြင်ဆင်လာကြ၏။သူ အလွန်အမင်းကို ရှက်မိတော့သည်။

"အာ...အမ်းး....မင်းတို့နှစ်ယောက် စားပြီပြီလား?"

"အခုထိ မစားရသေးဘူး" လျန်ကျင်းရှင်ကဖြေသည်။

"ငါတော့စားပြီးပြီ" ယွီအန်းယီလည်းဖြေလာသည်။

"ဒါပေမယ့် နင့်ရဲ့ကိတ်တစ်ပိုင်းတော့ စားလို့ရဦးမှာ"

သူမက ကိုယ်တိုင်လုပ်ထားသည့် ကိတ်ကို ကြည့်လိုက်လေသည်။

"ကိတ်ကို ဘယ်သူလုပ်ထားတာလဲ? ချင်းကျိုးနင့်ဘာသာလုပ်ထားတာလား? မထင်ရဘူးနော် တန်ဆာဆင်မှုမရှိတာတောင် ကြည်လို့လှတယ်ပြောရမယ်"

"အားချန်လုပ်ပေးတာ" ကျိချင်းကျိုးသည် ချူချန်ကိုကြည့်လိုက်လေသည်။

ချူချန်ကတော့ ဂုဏ်ယူနေဟန်ဖြင့်
"လှရမှာပေါ့! ငါပဲလေ!"

ယွီအန်းယီတစ်ယောက် နှစ်ခါပြန် အံ့ဩရပြန်သည်။

"နင်က ကိတ်လည်းလုပ်တတ်တယ်!"

"ငါ့လို အရည်အချင်းမျိုးစုံပြည့်ဝတဲ့လူတစ်ယောက်က ဘာလို့ မလုပ်တတ်ရမှာလဲ?"

ယွီအန်းယီ မနေနိုင်တော့ဘဲ သူ့ကို ချီးကျူးမိသည်။

"နင်တကယ်ကြီးအံ့ဩဖို့ကောင်းတာ။ငယ်ငယ်ကတည်းက ရေနွေးတောင်မကြိုဖူးတဲ့လူက အခု အရွယ်လည်း ရောက်လာရော အချစ်အတွက် ပွဲဦးထွက်ရုံတင်မကဘူး အချစ်အတွက်ဆို မုန့်ဖုတ်တဲ့ စားဖိုမှူးကြီးတောင် လုပ်နိုင်တယ်ဟမ်း! နင် တကယ်ကြီး ဒီကိတ်ကို ဓာတ်ပုံရိုက်ထားပြီး ငါ့ကောနဲ့တစ်ခြားလူတွေ နင့်ရဲ့ပြောင်မြောက်တဲ့ အချက်အပြုတ်အရည်အချင်းကိုမြင်အောင် ပြလိုက်သင့်တာ!"

ဗီလိန်ဥက္ကဋ္ဌရဲ့ ချစ်သူလေးအဖြစ်ကူးပြောင်းလာခြင်း [မြန်မာဘာသာပြန်]Where stories live. Discover now