{160}

3.2K 263 22
                                    

Unicode 。。。


ယွီအန်းယီက ခေါင်းညိမ့်ပြသည်။

"အားချန်ကလေ ကျွန်မကိုသာ "သခင်မလေး" လို့ခေါ်ခေါ်နေပေမယ့်  သူလည်း သခင်လေးတစ်ယောက်လို နေနေတာပါပဲ။သူကလေ ဟင်းချက်ဖို့မပြောနဲ့ ဖက်ထုပ်အေးတောင် အပူမပေးတတ်ဘူး။ဒါပေမယ့် အခုလည်းကျရော အရာရာတိုင်းကို သူလုပ်တတ်နေပြီ။အဝေးကြီးကနေဒီထိ ကျိချင်းကျိုးမွေးနေ့အတွက် လိုအပ်မဲ့ပစ္စည်းတွေကို မသိအောင် ထုပ်ပိုးတတ်နေပြီ။အရင်တည်းက သူ အရမ်းကောင်းတယ်ဆိုတာ ကျွန်မသိပါတယ်။အဲ့တာကြောင့်လည်း သူ့ကို ကြိုက်ခဲ့တာ။ဒါပေမယ့် အခုသူက လူတစ်ယောက်ကို ချစ်မိသွားပြီးနောက် ပိုပြီးတောင် ကောင်းမွန်လာခဲ့တယ်။ဒါကတကယ်ကို စစ်မှန်ရှားပါးတဲ့အရာတစ်ခုလို့ ကျွန်မထင်တယ်။အဲ့ဒါကြောင့် ကျွန်မအားကျမိတာ။ ကျိချင်းကျိုးက အရမ်းကောင်းသလို ချူချန်ကလည်း အရမ်းကောင်းတယ်လေ။အဲ့လို အချစ်ဇာတ်လမ်းက တကယ်ကို မနာလိုဖြစ်စရာပဲပေါ့"

"ဒါဆို မင်း အဲ့လို relationshipမျိုးလိုချင်လား?"

"ကျွန်မလိုချင်တာပေါ့" ယွီအန်းယီသူ့ကို ဝေ့ကြည့်လိုက်သည်။

"ကျွန်မက ရှင်တို့နဲ့မတူဘူး။ကျွန်မက ဒီအနုပညာအသိုင်းဝိုင်းထဲမှာ အဆုံးထိ နေသွားမယ့်သူမဟုတ်လို့ ကျွန်မရဲ့ဆက်ဆံရေးကို ပရိတ်သတ်တွေ လက်ခံပါ့မလားဆိုတာကို စဉ်းစားဖို့ မလိုဘူးရှင့်"

"ဒါဖြင့် မင်းကိုယ့်ကို ဘယ်လိုထင်လဲ?" လျန်ကျင်းရှင်တစ်ယောက် စိတ်အေးလက်အေးဟန်ပြုရင်း သူ့မကိုကြည့်လိုက်သည်။

"ဟမ်?"

သူ့ရဲ့ရင်ခုန်နှုန်းမြန်နေတဲ့ နှလုံးသားကို မသိကျိုးကျွံပြုလျက် တည်ငြိမ်ဟန်ဆောင်သည်။

"အဲ့လိုဆို မင်းကိုယ်နဲ့ တွဲကြည့်ချင်လားလို့?"

ချက်ချင်းပင် ယွီအန်းယီက အံ့ဩမှုလှိုင်းလုံးကြီးနဲ့‌ထိတွေ့မိသဖြင့် မသိစိတ်မှ ခြေတစ်လှမ်းနောက်ဆုတ်မိချိန် မတော်တဆဖြင့် ကျောက်ခဲတစ်ခဲအားနင်းမိသွား၏။သူမဟန်ချက်မညီဖြစ်သွားပေမယ့် လျန်ကျင်းရှင်က အလျင်စလိုပင် သူမလက်မောင်းကို ဆွဲ၍ တည်ငြိမ်သွားစေ‌ေပမယ့် ယွီအန်းယီကိုတော့ အလန့်တကြားဖြစ်သွားစေကာ သူမတွေးမနေတော့ဘဲ လက်မြှောက်၍ ထိုသူ့ကို တွန်းထုတ်လိုက်လေသည်။

You've reached the end of published parts.

⏰ Last updated: Dec 20, 2023 ⏰

Add this story to your Library to get notified about new parts!

ဗီလိန်ဥက္ကဋ္ဌရဲ့ ချစ်သူလေးအဖြစ်ကူးပြောင်းလာခြင်း [မြန်မာဘာသာပြန်]Where stories live. Discover now