part 1.

6.9K 157 5
                                        

'ti...ti....ti....'

'ti....ti.....ti....'

'ဒေါက်....ဒေါက်....ဒေါက်....'

'သားရေထတော့လေ.....သားရေ ထတော့...ထတော့...'

Alarmသံနှင့်အတူ mommyရဲ့ နှိုးသံတို့က ကျွန်တော့်ကို အိမ်မက်ကမ္ဘာထဲမှ နိုးထစေခဲ့သည်

'ဟာ...ဒီနေ့ကငါ့အတွက် အသစ်ဆန်းတွေတွေ့ရမဲ့နေ့ပါလား.....'

ဟုပြောရင်းပင် အိပ်ရာမှထကာ ရေချိုးခန်းထဲဝင်သွားသည်

ခါးအောက်ပိုင်းကို အဖြူ ရောင် တဘက်လေးဖြင့်ပတ်ကာ ရေချိုးပြီးသဖြင့် ရေချိုးခန်းထဲမှထွက်လာလိုက်သည်...

ဘာအဖုအထစ်မှမရှိ ဖြူ စွတ်လှသော သူ၏body....

ဖြူ သည်ဟုဆိုလျှင်ပင် နဲပေအုံးမည်...သူ၏အသားအရည်က ရွှေရောင်ပင်သန်းနေတယောင်ယောင်.....အဝေးကကြည့်လျှင်ပင် သူ့ကို ထင်းခနဲ မြင်စေနိုင်သည့...

ရေချိုး ထား၍ ခေါင်းပေါ်မှရေစက်လေးများက နဖူး ဆီသို့ နဖူးမှတစ်ဆင့် မျက်နှာ

ရေစက်လေးသည် ချွန်စင်းလှသောနှောတံရိုး တစ်လျှောက် စီးသွားပြီးမှ လည်တိုင်ဆီသို့ စီးသွားလေသည်

ခေါင်းကိုလေမှုတ်...ဆံပင်ကို သပ်သပ်ရပ်ရပ်ဖြီးလိမ်းပြင်ဆင်....uniformကို အသေအချာ အကျအန ဝတ်ကာ....လွယ်အိတ်ယူပြီး အခန်းထဲမှထွက်လာခဲ့သည်...

'အမေရေ....သားကျောင်းသွားတော့မယ်...'

'သား...မနက်စာစားသွားအုံးလေ...'

'တော်ပြီအမေ...ကျောင်းစဖွင့်ရက်ဆိုတော့ စောစောသွားမှဖြစ်မှာ...ပြီးတော့သယ်ရင်းတွေနဲ့လဲချိန်းထားသေးတယ်....'

'အေးပါသားရယ်....ဖြေးဖြေးသွားအုံးနော်'

ဒါနဲ့ဘဲ လရိပ်တစ်ယောက် သူငယ်ချင်း  ရဲရင့် လမ်းလျှောက်ထွက်လာခဲ့လိုက်သည်

'Ti...tong.....ti...tong'

သံတံခါးရှိ လူခေါ်ဘဲလ်လေးကို သုံးချက်လောက်နှိပ်ကာ တံခါးလာဖွင့်မည့်သူကိုစောင့်နေလိုက်သည်...

ထင်သည့်အတိုင်း တံခါးကို သူကိုယ်တိုင်လာဖွင့်ပေးသည်....

အရိပ်(BL fic) Unicode+zawgyi CodeTahanan ng mga kuwento. Tumuklas ngayon