part 23

628 46 11
                                        

ကျွန်တော်အိပ်မက်အကြောင်းတွေးရင်းနဲ့ အတွေးလွန်လိုက်တာ လေဆိပ် ရောက်တော့မယ်ဆိုတာတောင်မသိလိုက်ဘူး

ဟူး....ကျွန်တော် အမေရိကန်နိုင်ငံကိုရောက်ခဲ့ပြီလေ.....

လေယာဉ်ပေါ်ကဆင်းတော့လေဆိပ်ပေါက်မှာအသင့်စောင့်နေတဲ့ ကျွန်တော့်ဖေဖေရဲ့ Driverကိုအသင့် တွေ့လိုက်ရသည်။

'Hello....လရိပ်'

'မတွေ့ရတာတော်တော်ကြာလို့လားမသိဘူး အကိုတောင်ချောပြီးပိုခန့်လာသလိုဘဲ....'

'မင်းကော ဘာထူးလို့လဲ...ကြည့်စမ်း...ငါ့ထက်တောင်အရပ်ရှည်သွားပြီ....'

ဖေဖေ့ရဲ့driverဟုဆိုသော်လည်း ကျွန်တော်နှင့်mikeသည်ငယ်ငယ်ကတဲကတူတူနေခဲ့ကြခြင်းဖြစ်သည်။

Mike၏အဖေသည် ဖေဖေ့၏လူယုံတော်ဖြစ်သည်ကတစ်ချက် ကျွန်တော်နှင့်လည်းအသက်သိပ်မကွာသည်ကတစ်ချက်

ထို့ကြောင့် ကျွန်တော်နှင့်mikeသည် အတူတူကြီးပြင်းခဲ့ကြ၍ ဤမျှလောက်ရင်းနှီးနေကြခြင်းဖြစ်သည်။

အကိုmikeသည် driverဟုဆိုသော်လည်း ဖေဖေ့ကားကိုသာမောင်းပေးရသူတစ်ဦးဖြစ်သည်။

ထို့အပြင် သူသည်ကုမ္ပဏီ တွင်လည်း သူ့အဖေကဲ့သို့ ဖေဖေ့၏ လူယုံတော်ဖြစ်ပေသည်။

'လရိပ်....အန်တီကော မပါဘူးလား...'

'ကျွန်တော်နဲ့တူတူလိုက်ခဲ့မလို့ဘဲလေ လာခံနီးမှ ကျန်းမာရေး သိပ်မကောင်းတာနဲ့ နေခဲ့လိုက်တော့တာ.....'

'ဒါများ ဒီမှာကုလည်းရနေတာဘဲကို...'

'အင်း...မေမေကလေယာဉ်မစီးချင်တာ ခက်တာဘဲအကိုရ ဘယ်လိုပြောပြောမရဘူး အာ့ကြောင့် ခေါ်မရတဲ့အဆုံး နေခဲ့ခိုင်းလိုက်တော့တာ...'

'Aww...အင်းပါလေ ဒါနဲ့ ကုမ္ပဏီကိုသွားမလား ကွန်ဒိုကိုဘဲ အရင်ပြန်ပြီးနားမလား '

'ကုမ္ပဏီကိုဘဲအရင်သွားတော့မယ် သိပ်လည်းပင်ပန်းသေးတာမှမဟုတ်တာ...'

'အင်းအင်း....မင်းတိုက်ခန်းမှာ စီးဖို့ကားလည်း ထားပေးပြီးသွားပြီနော်...နေဖို့က အဆင်သင့်ဘဲ....ဒါဆိုငါမင်းပစ္စည်းတွေကို အရင်သွားထားပေးထားရမလား...'

အရိပ်(BL fic) Unicode+zawgyi CodeTahanan ng mga kuwento. Tumuklas ngayon