part 39 unicode

289 21 2
                                        

'ဘာ...ဘယ်လို...လရိပ်ဟုတ်လား..ခင်ဗျားကြီး မှတ်မိနေပြီဘဲ ဟက်...မှတ်မိနေတာကို ခင်ဗျားကြီး ဒီလိုလုပ်သေးတယ်နော်'

'ကိုယ် ဘာလုပ်မိလို့လဲ'

'ဘာမှ ကိုယ်တွေ ခေါင်းတွေ လုပ်မနေနဲ့ လုပ်ပြီးတာက လုပ်ပြီးပြီဘဲ ဘာမှလာမေးမနေနဲ့တော့'

'ကိုယ် ဘာမှားမိလို့လဲ ဘာမှားလို့ စိတ်ဆိုးနေတာလဲ တကယ်ဆို မှားတာက မင်းလေ'

'ဟက်...နောက်ဆုံးတော့ ကျွန်တော့်အမှားဘဲပေါ့ ဒါမှန်းသိ မှားတယ်ဆိုလည်း ညနေကတည်းက သေဒဏ်ပေးလိုက်ပေါ့'

'လရိပ် ကိုယ်တို့က ခုမှပြန်တွေ့ရတာလေ ရန်မစနဲ့ကွာ'

'ဟက်...ကျွန်တော် ခင်ဗျားကို မသိဘူး ပြီးတော့ ပြန်ခွင့်ပြုပါအုံး'

'လရိပ်..........'

ကျွန်တော် လှည့်ထွက်မယ်လုပ်တော့ နောက်ကနေ ကျွန်တော့် လက်ကို ဖမ်းဆွဲထားသောအကို

'ကိုယ် တောင်းပန်ပါတယ်ကွာ နောက်ထပ် ထပ်ပြီး မထားခဲ့ပါနဲ့တော့ မင်းကိုယ့်ဆီကို ရောက်နိုင်ဖို့ ကိုယ်ကြိုးစားထားရတာ  မင်းနောက်ထပ် ထားခဲ့မယ်ဆို ကိုယ်တစ်ကယ်...တစ်ကယ်...သေသွားလိမ့်မယ်'

'ဟက်...အဲ့ဒါဆိုလည်း ထပ်...သေ...လိုက်...ပေါ့'

အကိုက ကျွန်တော့်လက်ကို ရုတ်တရက်ဆွဲဆောင့်လိုက်ပြီး ကျွန်တော့်ရဲ့ ခန္ဓာကိုယ်တစ်ခုလုံး နွေးထွေးမှုဆီသို့

ကျွန်တော့်ကို သူ့အားဖြင့် ကျွန်တော့် ခန္ဓာကိုယ်တစ်ခုလုံးကို သိမ်းကြုံးဖက်ထားတော့သည်

'လွှတ်ဗျာ...ခင်ဗျားကြီးနဲ့....ကျွန်တော်နဲ့က ဘာမှမှဟုတ်သေးတာ ဟိုဘက်ခေတ်ကတည်းကညီအစ်ကိုလိုဘဲခင်တာကို.... ဒီလိုမလုပ်ပါနဲ့ ခု ခင်ဗျားလက်ကို လွှတ်ပေးပါ..'

'မလွှတ်ဘူး...ကိုယ်မင်းကို ချစ်တယ် လရိပ်...မင်းကို ထပ်ပြီး ဘယ်လိုမှ အဆုံးရှုံးမခံနိုင်တော့ဘူး'

ပြောနေရင်းနှင့် ကျွန်တော့်နှုတ်ခမ်းတစ်စုံပေါ်သို့ သူ၏နှုတ်ခမ်းကို ဖိကပ်လိုက်တော့သည်

ကျွန်တော် ကျွန်တော့်ပါးစပ်ကို အတင်းပိတ်ထားလိုက်သည် ဘာကြောင့်လဲဆိုတော့ ကျွန်တော်အကို့ကို ရွံသည် သူနှင့် မိဖုရား အိပ်ထားသည်မှတစ်ရက်မပြည့်သေး ကျွန်တော့်ကို ဤသို့ လာလုပ်လို့မရ

အရိပ်(BL fic) Unicode+zawgyi CodeWhere stories live. Discover now