part 50 unicode

164 8 0
                                        

'လှလား...'

'အွန်း...'

အရည်ကြည်များ ရွှန်းလဲ့နေသော မျက်လုံးတစ်စုံတို့ဖြင့် စွဲမက်စွာစိုက်ကြည့်နေသော သူ၏အကြည့်များကို ကျွန်တော်မတွန်းလှန်နိုင်တော့ပါ

စွံအသွားခဲ့ရပါသည်။ သူ့၏အကြည့်စူးစူးများအောက်တွင်....

ကမ္ဘာပေါ်တွင် အလှဆုံးအရာများဟုသတ်မှတ်ထား‌သော အရာများတောင်မှ သူ၏အပြုံးတစ်ချက်အောက် အကြည့်တစ်ချက်အောက်တွင် ကျရှုံးသွားလိမ့်မည်ဆိုတာကို ကျွန်တော်အာမခံရဲပါသည်

ခန့်ညားလွန်းလှပါသည် အရှင်....

'လရိပ်လေး...ဘာတွေတွေးနေတာလဲ'

'ဘာ..ဘာမှမတွေးပါဘူး...'

'မညာနဲ့နော်...'

'အွန်း...ဘာလို့များ ဒီလောက်ခန့်ညားတဲ့သူက ကျွန်တော့်လို သာမာန်ယောကျာ်းလေးတစ်ယောက်ကို ရွေးခဲ့လဲဆိုတာကို တွေးကြည့်လို့မရဘူး...ဖြစ်နေတယ်...'

'အရိပ်က တခြားသူတွေအတွက် သာမာန်ဖြစ်ပေမဲ့ ကိုယ့်အတွက်ကတော့ အရာရာပါဘဲကွာ...နောက်တစ်ခါ သာမာန်ဆိုပြီးတော့ ကိုယ့်ရှေ့မှာထပ်မပြောပါနဲ့..'

'အွန်းပါ...'

လပြည့်ည၏ အလှများကို တောင်ကုန်းလေးပေါ်တွင် ချစ်ရသူနှင့် အတူတူကြည့်၍ကုန်ဆုံးခဲ့ရသောကြောင့် အလှများက ပို၍ပင် တစ်မူထူး၍ လှပနေသည်ဟု ကျွန်တော် ထင်ခဲ့မိရပါသည်။

'ကိုယ်လေ မင်းနဲ့အတူတူရှိနေရင် အရာအားလုံးက သက်တောင့်သက်သာရှိ‌လို့ ဒီကမ္ဘာကြီးမှာရှိတဲ့ စိတ်ပူပန်စရာတွေအကုန်လုံးက ပျောက်ကွယ်သွားသလိုမျိုးဘဲ...'

'အရိပ်လေးတို့ရဲ့ ဒီညလေးကိုမမေ့လိုက်ပါနဲ့ ဘ၀တွေ ဘယ်လိုဘဲပြောင်းပြောင်း ကို့ရဲ့နောက်ကို အရိပ်လေးက အမြဲတမ်းလိုက်‌နေမှာပါ...သတိရနေတဲ့စိတ်...တစ်ခုဘဲ...အဲ့စိတ်တစ်ခုလေးတည်းကိုဘဲ စိတ်
ထဲမှတ်ထားပေးနေရင်ရပြီ...'

'ကိုယ့်ရဲ့ တစ်သက်မှာ ဒီတစ်ခါဘဲ အချစ်စစ်နဲ့ ချစ်ခဲ့ဖူးတယ်...အရမ်းချစ်တယ် အရိပ်...'

'ခင်ဗျားကြီး ချစ်တာထက် ဒီက အများကြီးပိုပါတယ်နော်..'

'ဒီကပိုတာပါဗျာ...'

အရိပ်(BL fic) Unicode+zawgyi CodeTempat cerita menjadi hidup. Temukan sekarang