'ဒါလေးက ယွမ်၂၅၀ပါ ငါ့တူယူမယ်ဆိုရင်တော့ ယွမ်၂၃၀ဘဲပေးပါ....'
'ဟုတ်ကဲ့ ၂၃၀ယွမ်နော် ကျွန်တော် ခုတော့ အဲ့လောက်ပိုက်ဆံမပါသေးဘူး ဒီလိုလုပ်ပါလား ကျွန်တော် အိမ်ကိုပိုက်ဆံပြန်ယူလိုက်အုံးမယ် ဒီကြားထဲလာဝယ်တဲ့သူရှိရင် မရောင်းပါနဲ့နော် ကျွန်တော် တကယ်ဝယ်မှာပါ'
'ငါ့တူသာ တကယ်ဝယ်မှာဆို ဒေါ်လေးကမရောင်းပါဘူး'
'ဟုတ်ကဲ့ ဒေါ်လေး ကျွန်တော့်ကို ခနဘဲစောင့်ပါနော်'
'အေးကွယ် ဖြေးဖြေးသွားအုံး'
ကျွန်တော် ဆိုင်ကိုကျောပေးခဲ့ပြီး အိမ်ကိုသာ မြန်မြန်ပြေးလာတော့သည်
ဒီခါးစည်းလေးကို အကို့ကိုပေးရန်အတွက်ရည်ရွယ်ပြီးဝယ်ရန်ဆုံးဖြတ်လိုက်ခြင်းဖြစ်ပေသည်
သူကျွန်တော့်ကို မှတ်မိလာတဲ့တစ်နေ့ရောက်ရင် လက်ဆောင်အဖြစ်ပေးရန်ဖြစ်သည်
ဈေးက တစ်ခြားသူအတွက် ကြီးနေသော်လည်း ကျွန်တော့်လိုမျိုး အဖေဆီက အထောက်အပံ့ရနေသူအဖို့ ဈေးမကြီးလွန်းပေ
ကံကောင်းပေလို့ပေါ့ ကျွန်တော်နေသောအိမ်နှင့် ကြွေထည်ဆိုင်က သိပ်မဝေး ထို့ကြောင့် ပိုက်ဆံယူပြီး မြန်မြန်သာ လာခဲ့လိုက်တော့သည်
ဆိုင်သို့အရောက် ကြည့်လိုက်တော့...
'ဒေါ်လေး ကျွန်တော် ပြောထားတဲ့ ခါးစည်းလေးကော'
'ငါ့တူရယ် ဒေါ်လေး တောင်းပန်ပါတယ် အဲ့ဒီခါးစည်းကို ဝယ်တဲ့သူက မရောင်းပေးလို့လဲမရလို့ပါ ဝယ်သွားတဲ့သူကိုလည်း ဒေါ်လေးကကြောက်ရလို့ပါ'
'ဘယ်သူလဲ ဝယ်သွားတဲ့သူက'
'ကျန်း....ကျန်းသခင်လေး...'
'ဟင် .......သူဘယ်ဘက်ကိုထွက်သွားတာလဲ'
'ငါ့တူ ပြဿနာတော့ မရှာပါနဲ့နော် ဒေါ်လေးလည်း ကတိတည်ချင်ပါတယ် သူက မြောက်ဘက်ကိုထွက်သွားတာတော့တွေ့လိုက်တယ်..'
'ဟုတ်ကဲ့ ဒေါ်လေး ကျေးဇူးနော် ကျွန်တော် ပြဿနာမရှာပါဘူး...'
'အေးကွယ် ဖြေးဖြေးသွား...'
ကျွန်တော် တစ်ခေါင်းလုံးပူထူသွားရသည် ကျွန်တော် အကို့အတွက် ဝယ်ပေးရန် ရည်ရွယ်ထားသော ခါးစည်းလေးကို တစ်ခြားသူကဝယ်သွားပြီတဲ့
YOU ARE READING
အရိပ်(BL fic) Unicode+zawgyi Code
Teen Fiction§ရမ်းချေသော သူနဲ့ ဖော်ရွေလွန်းသော သူ...... ဘယ်လိုတွေ့ကြမလဲဆိုတာ....... *သူ့ပါးစပ်ကသာ မချစ်ဘူးလို့ပြောနေပေမဲ့ သူ့မျက်ဝန်းထဲက စကားတွေရဲ့ အဓိပ္ပါယ် ကိုကျွန်တော်နားလည်လိုက်ပါသည်။* သူ သူ့ကိုချစ်နေတာဘဲ
