လရိပ်ကို ခြံဝထိလိုက်ပို့ပေးပြီး ကျွန်တော့်အခန်းသို့သာ ပြန်လာခဲ့လိုက်သည်။
*ခုနကလူကသာ ငါ့ပါပါးဆိုတာ လရိပ်သိသွားရင် ဘယ်လိုလုပ်မလဲ....လူမှုရေးမကောင်းတဲ့ လူကသာငါ့ပါပါးဆိုရင် လရိပ်သိသွားရင် အထင်သေးသွားမလား.....ပါပါးလုပ်ရက်တယ်.....အား.....*
'ဒေါက်...ဒေါက်...ဒေါက်....သားရေ...ဆရာလာပြီ...'
'ဟုတ်မားမားလာပြီ....'
စာသင်နေစဉ်
'ဆရာ....မနက်ဖြန်လေ သားသူငယ်ချင်းကပါ ဆရာနဲ့သင်ချင်လို့တဲ့ အဲ့ဒါ ဆရာအဆင်ပြေလောက်မလား...?'
'ရပါတယ် သားမေမေသိပြီလား....ပြောပြီးပြီလား...'
'ဟုတ်ကဲ့ ဆရာ မားမား ကိုလဲပြောပြီးသွားပြီ...'
'သားတို့ အဆင်ပြေရင် ဆရာကokပါတယ်..ဒါဆိုလဲ စာစသင်လိုက်ရအောင်'
'ဒါနဲ့ ကျောင်းအသစ် မှာအဆင်ပြေရဲ့လား..'
'ဟုတ်ကဲ့ဆရာအဆင်ပြေပါတယ် နက်ဖြန်လာမဲ့တစ်ယောက်ကလဲ အဲ့ကျောင်းကဘဲဘသားဘေးမှာထိုင်တာ....'
'အေးအေးအေး...အဆင်ပြေရင်တော်ပါပြီ....
လုပ်chem စာအုပ်ထုတ် အရင်သင်ရအောင်...'
'Yes sir...'
..........
တစ်ညတာကုန်ဆုံးသွားပြန်ပြီ။
ကျောင်းသွားရတော့မယ်....ညနေရောက်ရင် သူနဲ့တူတူ စာသင်ရတော့မယ်....ဟာကွာ ပျော်လိုက်တာ.....
မားမား သားကျောင်းသွားပြီ.....
ကျောင်းရောက်တော့ ထုံးစံအတိုင်း သူ့မျက်နှာချိုချိုလေးကို တွေ့လိုက်ရသည်....
'ရဲရင့်..ငါညနေဘာစာအုပ်ယူခဲ့ရမလဲ....'
'အွန်း...ဒီညနေက....mathsအချိန်ဆိုတော့...တွက်ဖို့စာအုပ်ရယ် ဖတ်စာအုပ်ရယ်ဘဲယူခဲ့လိုက်....engဖတ်စာအုပ်ကောဘဲ....'
'Oki.....ငါမင်းကိုကျေးဇူးတင်တယ်ကွာ...'
'မလိုပါဘူး..မင်းလဲငါ့ကိုကူညီတာဘဲ'
..........
ဒီလိုနဲ့ တစ်နေ့တာစာသင်ပြီးလို့ ညနေအိမ်ပြန်ရောက်တဲ့အခါ သူ့ကိုစောင့်နေမိခဲ့သည်...
YOU ARE READING
အရိပ်(BL fic) Unicode+zawgyi Code
Teen Fiction§ရမ်းချေသော သူနဲ့ ဖော်ရွေလွန်းသော သူ...... ဘယ်လိုတွေ့ကြမလဲဆိုတာ....... *သူ့ပါးစပ်ကသာ မချစ်ဘူးလို့ပြောနေပေမဲ့ သူ့မျက်ဝန်းထဲက စကားတွေရဲ့ အဓိပ္ပါယ် ကိုကျွန်တော်နားလည်လိုက်ပါသည်။* သူ သူ့ကိုချစ်နေတာဘဲ
