'တောက်....'
'ဘယ်လိုလဲ သေဒဏ်ချလိုက်လေ'
'မင်းကွာ...မင်းမို့လို့ပေါ့...'
'ဘာလဲ မချရဲတာလား ခင်ဗျားလိုတိုင်းပြည်အုပ်ချုပ်တဲ့ ဘုရင်တစ်ယောက်က ကျွန်တော့်လို သာမာန်လူတစ်ယောက်ကို သေဒဏ်ချပေးဖို့က မခက်ဘူး ထင်တယ်'
'မင်း....မင်း....လရိပ်...မင်းမလွန်လာနဲ့'
'ဘယ်လို လရိပ် ဟုတ်လား...လရိပ်ကဘယ်သူလဲ ကို...မင်းဇေ...'
'မင်းကွာ...မသိချင်ယောင်ဆောင်မနေနဲ့'
'ကျွန်တော် ဘာမှမသိဘူး ကျွန်တော်က ရှောင်ရှန်ဝေ့ လရိပ်မဟုတ်ဘူး'
'မင်းနဲ့ နောက်မှ စာရင်းရှင်းမယ် တောက်...'
အကိုဘာမှဆက်မပြောတော့ပေ ကျွန်တော့်ကို ကျောပေး၍သာ ထွက်သွားလေတော့သည်
'ရှန်ဝေ့ မင်းဘယ်လိုလုပ်လိုက်တာလဲ မင်းကွာ မင်းကြီး စိတ်မကြည်တဲ့အချိန်ဆို မင်းခေါင်းပျောက်နေလောက်ပြီ'
'ကျွန်တော် သေချင်နေတာနဲ့ အံကိုက်ဖြစ်သွားတာပေါ့'
ကျွန်တော် ဘယ်သူနှင့်မျှစကားဆက်ပြောချင်စိတ်မရှိတော့ စစ်ကျင်ကိုလည်း ဘာမှမပြောတော့ဘဲ ထိုနေရာမှထွက်ခဲ့လိုက်တော့သည်
ခံရခက်ပါသည်။ကျွန်တော်လာရာလမ်းတစ်လျှောက်ရှိ နန်းတွင်းသူများအားလုံးက ကျွန်တော့်ကိုသာ စိုက်ကြည့်နေခြင်းကို
ပြီးတော့ ကျွန်တော့်ကိုကြည့်ရင်းဖြင့်ပင်တိုးတိုး တိုးတိုးနှင့် စကားပြောနေကြခြင်းကို
ဒါ...ဒါတွေအားလုံးက အကို့ကြောင့်ဘဲ
ကျွန်တော် စားဖိုဆောင်ကိုသာ သွားလိုက်ရင်း ဆေးလက်ဖက်ရည်ကို ကြိုထားလိုက်သည် ပြီးလျှင် ရံရွေတော်တစ်ယောက်ကို
'ဒါ မင်းကြီးအတွက် ဆေးလက်ဖက်ရည် ယွဲ့ကုန်းကုန်းလာရင် ပေးပေးပါနော်'
'ဟုတ်ကဲ့ရှင့်'
ကျွန်တော့်၏တစ်နေ့တာ တာဝန်များပြီးဆုံးသွားပြီ ဟုထင်ပါသည်
ကျွန်တော့်အတွက် နန်းတွင်းမှာ စရောက်တဲ့ ပထမဆုံးနေ့မှာ ပင်ပန်းလွန်းလှပါသည် လူထက် စိတ်က ပို၍ပင် ပင်ပန်းလွန်းသည်
VOCÊ ESTÁ LENDO
အရိပ်(BL fic) Unicode+zawgyi Code
Ficção Adolescente§ရမ်းချေသော သူနဲ့ ဖော်ရွေလွန်းသော သူ...... ဘယ်လိုတွေ့ကြမလဲဆိုတာ....... *သူ့ပါးစပ်ကသာ မချစ်ဘူးလို့ပြောနေပေမဲ့ သူ့မျက်ဝန်းထဲက စကားတွေရဲ့ အဓိပ္ပါယ် ကိုကျွန်တော်နားလည်လိုက်ပါသည်။* သူ သူ့ကိုချစ်နေတာဘဲ
