'အော်...အရှင်နဲ့ ကစားနေကြတာလား...'
'ဟင်...လီမိဖုရား...'
'မမှတ်သေးဘူးထင်တယ် ခုထိ ငါ့ကိုတွေ့တာတောင် ဦးမညွှတ်နိုင်သေးဘူး..ဘယ်လိုကောင်မှန်းမသိဘူး...'
'ဘာ.....ခင်ဗျားလွန်လာပြီနော်...'
'ဟက်....ငါဘယ်မှာလွန်လို့လဲ...ငါပြောတာမှားနေလို့လား...ရာထူးမြင့်တဲ့သူကို ရာထူးနိမ့်တဲ့သူက ဦးညွှတ်ရတာ စည်းကမ်းဘဲလေ...မင်းမသိသေးတာလား...မေ့နေတာလား...'
'ခင်...ခင်ဗျားကြီးဗျာ...မိန်းမတန်မဲ့နဲ့..စကားကို လူမုန်းအောင်ပြောတယ်...အဲ့ဒါကြောင့်ဘဲ အရှင်က ခင်ဗျားကို မချစ်တာနေမှာ...'
'မင်း...လျှောက်မပြောနဲ့ အရှင်ကငါ့တစ်ယောက်တည်းကိုဘဲ ချစ်တာ မင်းဆိုတာက သူ့ရဲ့အရုပ်သက်သက်ဘဲ...ဟက် သူပျင်းတုန်းခနဆော့နေတာမို့လို့ ငါကဒီတိုင်းလွှတ်ပေးထားလိုက်တာ...'
'ခင်ဗျားကြီး ဘာမှမသိဘဲနဲ့ လျှောက်မပြောနဲ့....'
'အရှင်နဲ့ငါနဲ့က ဟိုးငယ်ငယ်လေးကတည်းက အတူတူဆော့ခဲ့တဲ့သူငယ်ချင်း ငယ်ချစ်တွေ...မင်းဒါတွေကို သိမှာမဟုတ်ပါဘူး..'
'လီမိဖုရား...ဘာတွေကိုစိတ်ကူးယဉ်ပြီး ပြောနေပြန်ပြီလဲ...'
အကိုက ဘယ်လိုရောက်လာမှန်းမသိ။သို့သော် ဤအချိန်တွင် အကိုရောက်လာမှသာ ကျွန်တော် အသက်ရှူချောင်ပေမည်။
'အ...အရှင်...ဘယ်ချိန်ကတည်းက ရောက်နေတာလဲ...'
'ဟက်...မင်းတို့ စကားစပြောကတည်းက ဆိုပါတော့...'
'...'
'ဆိုစမ်းပါအုံး...ငါနဲ့ မင်း ငယ်ငယ်တုန်းက အတူကစားဖူးတဲ့ အကြောင်းလေးတွေကို...ရှန်ဝေ့ သိအောင်ပါ အကုန်ပြောပြလေ...ဟက်..အပျင်းပြေရအောင်ပေါ့...'
'အရှင်...အဲ့...အဲ့ဒါကလေ...ဟို...ဟို..လေ...'
'ပြောပါ ရဲရဲပြောစမ်းပါ...'
'ဒါနဲ့ တစ်ခုလောက် အရင်မေးပါရစေ...'
'မေးစေ...'
'အရှင်က သူ့ကို ဘယ်လိုသဘောထားတာလဲ....'
'သူကငါရဲ့ အချစ်တော်ဘဲ...'
ВЫ ЧИТАЕТЕ
အရိပ်(BL fic) Unicode+zawgyi Code
Подростковая литература§ရမ်းချေသော သူနဲ့ ဖော်ရွေလွန်းသော သူ...... ဘယ်လိုတွေ့ကြမလဲဆိုတာ....... *သူ့ပါးစပ်ကသာ မချစ်ဘူးလို့ပြောနေပေမဲ့ သူ့မျက်ဝန်းထဲက စကားတွေရဲ့ အဓိပ္ပါယ် ကိုကျွန်တော်နားလည်လိုက်ပါသည်။* သူ သူ့ကိုချစ်နေတာဘဲ
