'လရိပ်လေး...ခုမှပြန်လာတာလား ဘယ်တွေသွားနေတာလဲ...'
'ဟို...ဥယျာဉ်...ဥယျာဉ်ထဲမှာ နေနေတာမို့လို့...ပါ..အဆောင်ကိုပြန်လာလဲပျင်းလို့..'
'အင်းပါ..'
'ညနေစာ စားတော့မလား...'
'တော်ပြီ ကျွန်တော် စားချင်စိတ်မရှိလို့ မစားတော့ဘူး..'
'နေမကောင်းလို့လား...ဗိုက်မကောင်းလို့လား...ခံတွင်းပျက်နေလို့လား..'
'ဘာမှမဖြစ်ပါဘူး ဒီတိုင်း မစားချင်လို့..'
'တစ်ခုခုတော့ စားပါလား..'
'ကျွန်တော် ဆာရင် စားမယ် ဟုတ်ပြီလား...'
'လရိပ်လေးသဘောပါဘဲ...'
ဒီညကတော့အကိုနဲ့လည်းစကားမပြောနိုင်ဘဲနှင့် မိဖုရားနှစ်ယောက်အကြောင်းကိုသာတွေးရင်းနဲ့အိပ်စက်ရပေအုံးမည်။
.........
ဒီမနက်ခင်းသည်လည်း ဘေးတွင်လစ်ဟာနေသောနေရာကို လက်ဖြင့်စမ်းသပ်မိရင်းနိုးထလာခဲ့ရပြန်ပါပြီ။
တစ်မနက်လုံးကျွန်တော်၏စိတ်သည် ရွာသွန်းခံနီးဖြစ်သော မိုးတိမ်စိုင်များကဲ့သို့စိတ်ရာသီဥတုထိုင်းမှိုင်းလျှက်ရှိသည်။
အလွန်ကြီးမားသော ကိစ္စတစ်စုံတစ်ရာ ဖြစ်တော့မည့်အတိုင်းပင်.....
စိတ်လေးလံစွာပင် ကျွန်တော်ဥယျာဉ်ဘက်သို့ ခြေဦးလှည့်မိပြန်ပါသည်...
ဥယျာဉ်ထဲတွင်လမ်းပတ်လျှောက်နေစဉ် နောက်မှခြေသံလိုလို ခပ်ဖွဖွ လမ်းလျှောက်သံကြားသောကြောင့် ကျွန်တော် ရုတ်တရက်လှည့်ကြည့်လိုက်မိသည်
'ဝါး...'
'အား...အမလေး...'
တကယ်ပါဗျာ...ကျွန်တော် တော်တော်လေးကို လန့်သွားမိသည်
'တောင်းပန်ပါတယ် တော်တော်လေးလန့်သွားတာလား...'
'လန့်တာပေါ့ နောက်ဆို အဲ့လိုမခြောက်ပါနဲ့...'
'တောင်းပန်ပါတယ်နော်...'
'ထားလိုက်တော့ ဘာကိစ္စရှိလို့လဲ...'
'ကိစ္စတော့မရှိပါဘူး ဟိုးတစ်နေ့က မပြတ်သေးတဲ့ စကားကို ဆက်ပြောမလို့လာခဲ့တာ...'
ВЫ ЧИТАЕТЕ
အရိပ်(BL fic) Unicode+zawgyi Code
Подростковая литература§ရမ်းချေသော သူနဲ့ ဖော်ရွေလွန်းသော သူ...... ဘယ်လိုတွေ့ကြမလဲဆိုတာ....... *သူ့ပါးစပ်ကသာ မချစ်ဘူးလို့ပြောနေပေမဲ့ သူ့မျက်ဝန်းထဲက စကားတွေရဲ့ အဓိပ္ပါယ် ကိုကျွန်တော်နားလည်လိုက်ပါသည်။* သူ သူ့ကိုချစ်နေတာဘဲ
