ကျွန်တော်လည်း ရူးမိုက်စွာပင် သောက်လိုက်မိတော့သည်
ခါးသက်သက်အရည်တစ်ချို့က လည်ချောင်းကိုဖြတ်ကာ ဗိုက်အတွင်းသို့ ပူရှိန်းရှန်းဖြင့် စီးဝင်သွားကြလေသည်။
ကျွန်တော့်ခေါင်းတစ်ခုလုံး မူးလွန်း၍ ပတ်ချာရိုက်နေသည်
ကျွန်တော့်နားအတွင်းတွင်တော့ အကိုကျွန်တော့်ကို ခေါ်နေသည့်အသံကိုသာကြားနေရသည်
ကျွန်တော့်မျက်လုံးပြန်ပွင့်လာသောအခါ ကျွန်တော့်ကိုယ်ကိုပွေ့ပိုက်ထားသော အကို့မျက်နှာကို
ဦးဆုံးမြင်လိုက်ရသည်
'အရိပ်လေး အဆင်ပြေရဲ့လား...'
ကျွန်တော် မြတ်နိုးစွာ အကို့ပါးလေးတစ်ဖက်ကို ကိုင်တွယ်ပွတ်သပ်နေမိသည် ကျွန်တော့်လက်တစ်စုံပေါ်သို့ ထပ်ကိုင်လိုက်သော သူ၏လက်တစ်စုံ....နွေးထွေးလိုက်တာဗျာ ဒီလိုလူကို ကျွန်တော် တစ်သက်လုံး စွန့်လွှတ်ရတော့မည်တဲ့လား...ကံကြမ္မာရယ် ဘယ်လိုတွေတောင် ရက်စက်ရတာလဲ...
'အရိပ်လေး ဘာမှမတွေးနဲ့တော့နော် သမားတော်တွေလည်းခေါ်လာတယ် သူတို့အခုဆေးဖော်နေပြီ...'
'အဟွတ် မရတော့ဘူး..ကို...အရိပ် အရိပ်နေတဲ့ကမ္ဘာကိုပြန်သွားရတော့မယ်...'
'ရတယ်...ရကိုရစေရမယ်...အဟင်း...ကိုယ့်ကို တစ်ယောက်တည်းမထားခဲ့ပါနဲ့ကွာ..ကိုယ်...ကိုယ် မင်းမရှိဘဲမနေနိုင်ဘူး...'
'.....'
အရိပ်လေးမရှိတော့ရင် ကိုယ့်ရဲ့ပျော်ရွှင်မှုနဲ့ ၀မ်းနည်းမှုတွေကို ဘယ်သူကဝေမျှပေးမှာလဲ...တစ်ချိန်လုံးအတူရှိနေခဲ့တာ အခုတော့ လေနဲ့အတူပျောက်ကွယ်သွားရတော့မယ်...၀င်လာတယ် ပျက်စီးသွားတယ် အရာအားလုံးက အဆုံးမှာပျက်ကွယ်သွားရတာပါဘဲ....
'ကိုယ်တစ်ဦးတည်း ကျန်နေခဲ့ရင်တောင်မှ နာကျင်မှုတွေထဲကနေ မင်းကို စောင့်မျှော်နေပါ့မယ်...'
'အရိပ့်အတွက်ဝမ်းနည်း မနေပါနဲ့
ကျွန်တော် အကိုနဲ့ အမြဲအတူတူနေရမှာပါ..'
အမှုန်လေးတွေအဖြစ် ကျွန်တော့်ကိုယ်ထဲမှ တစ်စတစ်စချင်းဆီ ထွက်သွားနေလေပြီ
YOU ARE READING
အရိပ်(BL fic) Unicode+zawgyi Code
Teen Fiction§ရမ်းချေသော သူနဲ့ ဖော်ရွေလွန်းသော သူ...... ဘယ်လိုတွေ့ကြမလဲဆိုတာ....... *သူ့ပါးစပ်ကသာ မချစ်ဘူးလို့ပြောနေပေမဲ့ သူ့မျက်ဝန်းထဲက စကားတွေရဲ့ အဓိပ္ပါယ် ကိုကျွန်တော်နားလည်လိုက်ပါသည်။* သူ သူ့ကိုချစ်နေတာဘဲ
