part 15

760 46 6
                                        

ကျောင်းဝင်းထဲသို့ရောက်ပြီဖြစ်သောကြောင့် လရိပ်ကားပေါ်ကဆင်းသွားပြီး အတန်းသွားတက်နေလေသည်။

ကျွန်တော်အတန်းမတက်နိုင်သေးပါ...ကန်တင်းတွင်ထိုင်ပြီး လရိပ်အကူညီတောင်စထားသောအကြောင်းကို ပြန်စဉ်းစားနေမိသည်။

'ရဲရင့် ငါ့ကိုတစ်ခုလောက်ကူညီပါလား...'

'ပြောကြည့်လေ ကူညီနိုင်တာရှိရင် ကူညီရမှာပေါ့...'

'ဟိုလေ...ဟိုအချေkingကြီးက ငါ့ကိုစိတ်ဝင်စားနေတာလားမသိဘူး အာ့လေ နင်လဲသူ့အကြောင်းသိသားနဲ့ ရည်းစားတွေကိုထည်လဲတွဲနေတာကို.....အာ့ငါ့ကိုဖွင့်ပြောပြီး ငါကိုသူ့အရုပ်အဖြစ်ကစားမှာကို မလိုလားဘူး အာ့ကြောင့် မင်းလေ ငါနဲ့တွဲချင်ယောင်ဆောင်ပေးနိုင်မလား....'

'....'

'အင်းပါ...ရဲရင့်ရယ် မင်းငါ့ကိုချစ်တဲ့အချစ်တွေကို ငါ ကစားတာမဟုတ်ပါဘူး ဒီတိုင်း သူငယ်ချင်းတစ်ယောက်အနေနဲ့ အကူညီတောင်းကြည့်တာပါ....မင်းမကူညီရင်လဲငါကဘာမှမဖြစ်ပါဘူး....'

'အငး်....ငါကူညီပေးမယ်'

*ဘယ်လိုဘဲဖြစ်ဖြစ် သူဟန်ဆောင်တွဲတွဲ အတည်တွဲတွဲ တွဲပေးတာကတွဲပေးတာဘဲဆိုတော့ ကျွန်တော် သေပျော်ပါပြီ....ကိုယ်ကတော့ မင်းကိုချစ်မြဲတိုင်းချစ်နေမှာပါ...*

ကန်တင်းတွင်ထိုင်နေတုန်း ကျွန်တော်မမြင်ချင်ဆုံးလူသားရောက်လာနေလသည်....

'ဟိတ်ကောင်လေး....'

ကျွန်တော်အသံကြားသည်။သူကျွန်တော့်ကိုခေါ်နေတာလဲ ကျွန်တော်သိသည်။ သို့သော် ပြန်လှည့်မကြည့် ပြန်လည်းမထူပေ...

'ဟိတ်ခလေး...ဟိတ်....'

'....'

'ဟာကွာ ဟေ့ကောင်...ရဲရင့်....'

'Aww....ကျွန်တော့်ကိုခေါ်နေတာလားဗျ....'

'အေး..ဒီမှာမင်းဘဲရှိတာကို မင့်မခေါ်လို့ဘယ်သူကိုခေါ်ရမာလဲကွ...'

'လိုရင်းကိုပြောပါ အကို...'

'မင်းကိုမေးစရာလို့ပါ...'

'....'

'မင်းနဲ့လရိပ်နဲ့က တကယ်တွဲနေပြီလား....'

အရိပ်(BL fic) Unicode+zawgyi CodeWhere stories live. Discover now