ကျွန်တော့်ရဲ့ Lykan Hypersportကားအနီလေးနှင့် ဖေဖေ့ရဲ့ ကုမ္ပဏီ သို့ထွက်လာခဲ့လိုက်သည်။
လမ်းတွင်လည်း ဘာကြောင့်မှန်းမသိ စိတ်ပူပင်မှုကင်းစွာ ပျော်နေမိသည်။
ဖေဖေ့ရဲ့ ကုမ္ပဏီ ရောက်တော့ ဖေဖေ့ရုံးခန်းဆီသွားပြီး
'ဖေဖေ သင်တန်းကဘယ်နားမှာလဲဟင်'
'ငါ့သားကားထဲမှာ GPSပါတယ်လေ အဲ့နောက်ကို လိုက်သွားလိုက်ပေါ့'
'သင်တန်းနာမည်သိသေးဘူးလေ ဟီးဟီး..'
'CASA လို့ googleမှာရှာလိုက် လမ်းတွေပါပေါ်လာလိမ့်မယ်....'
'ဟုတ်ကဲ့ ဖေဖေ ဒါဆိုသားသွားပြီနော်...'
'အေး ဖေဖေလည်း ဒီနေ့အလုပ်ရှုပ်နေလို့ပါ သားကို အချိန်မပေးနိုင်တာ sorryနော်'
'ရပါတယ်ဖေဖေရယ်.....'
'Good bye သားရေ'
'Bye...see u'
ကျွန်တော် ဖေဖေ့ကိုနှုတ်ဆက်ပြီးထွက်လာခဲ့လိုက်သည်။
ကျွန်တော့်ရဲ့ချစ်တုံးကားလေးဆီပြန်လာပြီး
သူ့ရဲ့GPSမှာ CASAလို့ပြောလိုက်တော့ သူ့ဘာသာသူရှာပြီး သွားရန်လမ်းပေါ်လာလေသည်။
Okayပြီလေ ကားလေးရဲ့လမ်းညွှန်မှုနောက်ကို မောင်းလာခဲ့ရင်း ကျွန်တော့်ရဲ့ သင်တန်းကျောင်းသို့ရောက်လာခဲ့လေသည်။
သင်တန်းက တော်တော်လေးအဆင်ပြေပြီးတစ်နေကုန်တက်ရသောကြောင့် နေ့လည်စာကို အနီးနားရှိ စားသောက်ဆိုင်တွင်ဘဲ စားလိုက်တော့သည်။
.....
တစ်ရက်လေး တက်တာနဲ့တင် တော်တော်လေးကိုအချက်အပြုတ်အကြောင်းနားလည်လိုက်သည်။
သင်တန်းက 5:00pmမှပြီးသောကြောင့် ညနေစာကိုလည်း အပြင်ဆိုင်မှာသာ စားလိုက်တော့သည်။
ကျွန်တော် ဘယ်ကိုမှမသွားတော့ဘဲ ညနေစာစားပြီးတာနဲ့ ချက်ချင်းကွန်ဒိုကိုသာပြန်လာခဲ့လိုက်တော့သည်။
ကျွန်တော်ရေမိုးချိုးပြီးတာနဲ့ ချက်ချင်းနားလိုက်တော့သည်။
'Ting tin ting tin ting tin'
'Heyy'
'innပြောရဲရင့် အရေးကြီးလား မကြီးရင် နောက်မှခေါ်တော့ ငါနားချင်နေပြီ'
BINABASA MO ANG
အရိပ်(BL fic) Unicode+zawgyi Code
Teen Fiction§ရမ်းချေသော သူနဲ့ ဖော်ရွေလွန်းသော သူ...... ဘယ်လိုတွေ့ကြမလဲဆိုတာ....... *သူ့ပါးစပ်ကသာ မချစ်ဘူးလို့ပြောနေပေမဲ့ သူ့မျက်ဝန်းထဲက စကားတွေရဲ့ အဓိပ္ပါယ် ကိုကျွန်တော်နားလည်လိုက်ပါသည်။* သူ သူ့ကိုချစ်နေတာဘဲ
