စာသင်ပြီးတာနဲ့အတန်းထဲကထွက်လာခဲ့လိုက်သည်။
နေ့လည်စာစားချိန်ရောက်တော့ ရဲရင့်ကိုမစောင့်တော့ဘဲ တစ်ယောက်ထဲနေ့လည်စာစားနေလိုက်သည်။
ထိုချိန်
'လေးလုံးတစ်ယောက်ထဲလား မင်းဘဲကော??'
လရိပ်မော့ကြည့်လိုက်တော့ အော်...အချေkingကြီးပါလား
'ဘာပြသနာရှာအုံးမလို့စကားလာပြောနေရတာလဲဟ....မင်းနဲ့sစကားပြောစရာမရှိဘူး ဝေးဝေးကိုဒိုးလိုက်တော့...'
လရိပ်တစ်ယောက် မျက်စောင်းထိုးပြရင်း ထမင်းပန်းကန်ပေါ်ကိုသာအာရုံစိုက်နေလိုက်သည်....
'ဘယ်လိုခလေးမှန်းမသိဘူး မင်းအကောင်ကငါ့ကို မင်းနဲ့တွေ့ရင်ပြောပေးပါဆိုလို့ လာပြောတာ မင်းလိုကောင်နဲ့လဲငါကစကားပြောချင်တာမဟုတ်ဘူး...'
'ရဲရင့်လား အက်ခွေးကောင်က ဘာပြောခိုင်းလိုက်လို့လဲ...'
'Awwမင်းနဲ့နေ့လည်စာ အတူမစားနိုင်တော့ဘူးတဲ့ projectတွေလုပ်ရအုံးမှာမို့လို့လို့ပြောလိုက်တာဘဲ...'
'Awwဒါလေးများ.....ဒါနဲ့ခဗျားကြီးနဲ့ ကျုပ်သူငယ်ချင်းနဲ့က ဘယ်လိုခင်သွားကြပြန်တာလဲ'
'ခင်တာမဟုတ်ဘူးဟေ့ လမ်းမှာသွားရင်းတွေ့လို့ မရမက အကူညီလိုက်တောင်းနေလို့ ကူညီပေးလိုက်တာ...'
'Aww ဒါဆိုလဲ...thank u နော်.....'
'Aa'
အချေkingကြီးက ထိုင်ရာမှထကာ ထွက်သွားမည်အပြုတွင်.....
'ဒါနဲ့ ခဗျားနာမည်က...'
လရိပ်တစ်ယောက် လွှတ်ခနဲမေးလိုက်မိခြင်းဖြစ်သည်။ စိတ်ထဲတွင်လဲ *ငါအပ်ထားတဲ့တစ်ယောက်ဆိုတာ သေချာအောင်လို့ မေးကြည့်လိုက်တာ*
'မင်းဇေ....'
'Aww...ကျွန်တော့ နာမည်က လရိပ်ပါ...'
'မင်းကိုဘယ်သူကမေးနေလို့လဲ'
'ဒါ...ဒါကတော့...လူမှုရေးအရပြောပြတာ...ပြောပြချင်နေတာ မဟုတ်ဘူး....'
အချေkingကြီးက ဘာမှဆက်မပြောတော့ဘဲ ထွက်သွားလေသည်...
လရိပ်စိတ်ထဲတွင် *ဒါဆိုငါအပ်ထားတဲ့သူသေချာတာဘဲ မဆိုးဘူးကွ ဓာတ်ပုံထဲမှာထက် အပြင်မှာပိုချောသလားလို့ ဟီးဟီး*
YOU ARE READING
အရိပ်(BL fic) Unicode+zawgyi Code
Teen Fiction§ရမ်းချေသော သူနဲ့ ဖော်ရွေလွန်းသော သူ...... ဘယ်လိုတွေ့ကြမလဲဆိုတာ....... *သူ့ပါးစပ်ကသာ မချစ်ဘူးလို့ပြောနေပေမဲ့ သူ့မျက်ဝန်းထဲက စကားတွေရဲ့ အဓိပ္ပါယ် ကိုကျွန်တော်နားလည်လိုက်ပါသည်။* သူ သူ့ကိုချစ်နေတာဘဲ
