ထိုမျက်ဝန်းလေး.....
ထိုနှာတံစင်းလေး....
ထိုနှုတ်ခမ်းပါးလေး.....
ထိုမေးစေ့ချွန်ချွန်လေး.....
ထိုနားရွက်နီနီလေး......
ထိုဆံနွယ်လေး.....
စူးရှလွန်းသော သူရဲ့အကြည့်များ....
ချောင်ကျသွားသော သူ့ရဲ့ပါးပြင်လေး..
ထုံးထားသော သူရဲ့ ဆံနွယ်ရှည်များ...
လိုက်ဖက်လွန်းလှပါသည်••••
ရွှေရောင်အောက်ခံနှင့် အမည်းရောင် နဂါးရုံဝတ်စုံတို့
တည်ကြည်ခန့်ညားနေသည်ကို သူ့၏တည်ငြိမ်အေးချမ်းသော မျက်နှာကိုကြည့်ခြင်းဖြင့် သိနိုင်သည်
'ဒီနေ့ငါကိုယ်တော်မြတ် စိတ်ကြည်နေလို့ မောင်မင်းကိုခွင့်လွှတ်ပေးလိုက်ပါမယ် နောက်မဖြစ်စေနဲ့ သွားသွား....ဖယ်တော့'
'ဟမ်...'
ကျွန်တော် ခေါင်းမြန်မြန်ငုံ့လိုက်ပြီး နောက်သို့ပြန်ဆုတ်ကာ သူတို့သွားဖို့အတွက် နေရာကိုဖယ်ပေးလိုက်ရသည်
*ဘယ်လို နောက်မဖြစ်စေနဲ့ ဟုတ်လား ဟက်...ဒါဆို ငါတို့က နောက်တွေ့ရအုံးမယ်ဆိုတဲ့သဘောပေါ့ ဟက်....အကိုရေ...ဒီလောက်မျက်ဝန်းခြင်းစကားပြောနေတာကို မမှတ်မိနိုင်သေးဘူးလား.......လွမ်းတယ် အကိုရေ....အရမ်းလွမ်းနေပြီဗျ....*
'အားဝေ့ဒီနားလာခဲ့ ဟင်းပွဲတွေသွားချရတော့မယ်'
'ဟုတ်ကဲ့ လာပြီ'
ကျွန်တော် ကိုယ်တိုင်ဟင်းပွဲတွေသွားချပေးရသည်
'မင်းကောင်းကောင်းလုပ်ခဲ့နော် အမှားမရှိစေနဲ့ ငါတို့ဘုရင်ကအမျက်အရမ်းကြီးတာ ခုနတုန်းက မင်းကံကောင်းသွားလို့ မဟုတ်ရင် မင်းကြိမ်ဒဏ်ဘဲ သွားတော့....'
'ဟုတ်....ဟုတ်ကဲ့ အားပိုင်..'
ဟုတ်ပါတယ် အားပိုင်က ကျွန်တော့်ကို ညီအရင်းသဖွယ်ချစ်ရှာသည် ခုလည်း တစ်ခုခုမှားမည်စိုးသောကြောင့်သာ သတိပေးနေခြင်းဖြစ်သည်
ဒါပေမဲ့ ကျွန်တော့်ကိုမမှားစေချင်တော့ရင် သူကိုယ်တိုင်သွားချပါလား...မေးလိုက်တော့လည်း ကျွန်တော့်အပေါ် မင်းကြီးရဲ့ အမျက်တွေလျော့အောင်လို့တဲ့ ဆိုင်ရဲ့လားဗျာ ခုကျွန်တော် မှားသွားရင် ပိုတောင်အပြစ်ကြီးအုံးမယ် မဟုတ်ဘူးလား ....
ВЫ ЧИТАЕТЕ
အရိပ်(BL fic) Unicode+zawgyi Code
Подростковая литература§ရမ်းချေသော သူနဲ့ ဖော်ရွေလွန်းသော သူ...... ဘယ်လိုတွေ့ကြမလဲဆိုတာ....... *သူ့ပါးစပ်ကသာ မချစ်ဘူးလို့ပြောနေပေမဲ့ သူ့မျက်ဝန်းထဲက စကားတွေရဲ့ အဓိပ္ပါယ် ကိုကျွန်တော်နားလည်လိုက်ပါသည်။* သူ သူ့ကိုချစ်နေတာဘဲ
