ရဲရင့်က လရိပ်ကို အိမ်ပြန်ပို့ပေးပြီးတော့ သူ့အိမ်သို့ပြန်သွားလေသည်
'သား...ရေထမင်းစားတော့မလား?'
'မေမေ...ခနရေချိုးပြီးမှစားတော့မယ်...'
'အော်....အေးပါ....ရေချိုးပြီးဆင်းလာခဲ့မယ်....မေမေထမင်းပွဲပြင်ထားလိုက်တော့မယ်'
'ဟုတ်...မေမေ...'
လရိပ်တစ်ယောက် အပေါ်ထပ်ရှိသူ့အိပ်ခန်းထဲဝင်သွားပြီး....ပင်ပန်းသမျှကို ရေအေးဖြင့် ပြယ်ပျောက်စေလိုက်သည်
ရေချိုးပြီးတော့လရိပ်တစ်ယောက် ရှပ်အကျႌအဖြူ လက်တိုလေးနှင့် ဘောင်းဘီအမည်းဒူးပေါ် လေးကို လိုက်ဖက်စွာဝတ်ဆင်ထားလိုက်သည်
'သား...ရေချိုးပြီးပြီလား...ထမင်းလာစားတော့ ဟင်းတွေအေးတော့မယ်...'
'ဟုတ်ကဲ့...မေမေ လာပါပြီ..'
ထမင်းစားပြီး လရိပ်တစ်ယောက် ခြံထဲတွင်လမ်းလျှောက်နေလိုက်သည်
လမ်းလျှောက်နေရင်း ဘာရယ်မဟုတ်ပါဘူး
မနက်ကတွေ့ခဲ့တဲ့တစ်ယောက်နဲ့ သူ့ဘေးကကောင်မလေး အကြောင်းကိုစဉ်းစားမိနေသည်
'ဟာ....ငါကွာ ဘာလို့သူများအကြောင်းတွေစဉ်းစားနေတာလဲ.....တော်ပြီ...စာဘဲသွားကျက်တော့မယ်....'
'ငါ့သားလေးကဘယ်သူ့အကြောင်းစဉ်းစားနေလို့လဲ....ကောင်မလေးရပြီလို့တော့မပြောနဲ့နော်....'
'ဟာ..မေမေဘယ်ချိန်ကတဲက နောက်မှာရပ်နေတာလဲ.....'
'ခုလေးတင်ဘဲ...ပြောပါအုံး ငါ့သားလေးရဲ့ကောင်မလေးအကြောင်း...'
'ဟာ..မေမေကလဲ သားမှာကောင်မလေးမရှိပါဘူး....မနက်ကအတန်းသွားရင်း လမ်းမှာတိုက်မိတဲ့သူအကြောင်းစဉ်းစားမိလို့ဗျာ....အက်ကောင်ကသူ့ကိုတောင်းပန်တာတောင် လက်မခံဘူးလေ အက်ဒါကြောင့် ဘယ်လိုလူလဲဆိုပြီးစဉ်းစားနေမိတာ....'
'အော် ဘာများလဲလို့ငါ့သားရယ် ကိုယ့်ဘက်ကမှားရင်တော့တောင်းပန်လိုက်ပေါ့ သူလက်ခံခံမခံခံ ကိုယ့်ဘက်ကဘာမှအပြစ်မပြောရဘူးလေ သားရဲ့'
'ဟုတ်ကဲ့ပါမေမေ.....'
လရိပ်တစ်ယောက်.သူ့အမေကို ခလေးတစ်ယောက်လိုမျိုး ခါးကိုဖက်ကာ ပုခုံးပေါ်တွင်သူ့ခေါင်းလေးကိုမှီထားလိုက်သည်.....
VOUS LISEZ
အရိပ်(BL fic) Unicode+zawgyi Code
Roman pour Adolescents§ရမ်းချေသော သူနဲ့ ဖော်ရွေလွန်းသော သူ...... ဘယ်လိုတွေ့ကြမလဲဆိုတာ....... *သူ့ပါးစပ်ကသာ မချစ်ဘူးလို့ပြောနေပေမဲ့ သူ့မျက်ဝန်းထဲက စကားတွေရဲ့ အဓိပ္ပါယ် ကိုကျွန်တော်နားလည်လိုက်ပါသည်။* သူ သူ့ကိုချစ်နေတာဘဲ
