သွားရာလမ်းတစ်လျှောက်ခင်းကျင်းထားသော ကော်ဇောအနီရောင် ဘေးတစ်ဖက်တစ်ချက်စီတွင် ထောင်လျှက်ထားထားသော ပန်းခြင်းလိုလို မီးအိမ်လိုလို အရာများ
စားပွဲများစွာ ခင်းကျင်းထားပြီး အနီရောင်နှင့် အဖြူရောင်ရောစပ်ထားသော စားပွဲခင်းများဖြင့် အလှဆင်ထားလေသည်။
ငန်းပုံသဏ္ဌာန် ကြာပန်းပုံသဏ္ဌာန်စသည်ဖြင့် ပိတ်စအဖြူနှင့်အနီကိုသုံး၍ ပုံသဏ္ဌာန်မျိုးစုံပုံဖော်ထားသော အရုပ်များကို စားပွဲအလယ်တွင် အလှအနေဖြင့် တင်ထားလေသည်။
၀က်ကောင်လုံးကင် ကြက်သားကင်
ငါးပေါင်း၊ ကြာဆံကြော်၊ ခေါက်ဆွဲကြော်၊ ဖက်ထုပ်ပေါင်း၊
ငါးချိုချဉ်ကြော်၊ ကော်ပြန့်ကြော်၊ ကြက်ချိုချဉ်ကြော် စသည့် တရုတ်အစားအစာများကို စားပွဲပတ်ပတ်လည်တွင် လှပစွာ စားချင်စားဖွယ်ဖြစ်အောင် ခင်းကျင်းထားလေသည်
'ရှန်ရှန်ရေ ညကျသွားမယ်နော်...'
'အွန်း...အရှင်ကိုကော ခေါ်ခဲ့လိုက်မယ်နော်...'
'ခေါ်ခဲ့မလို့လား နှစ်ယောက်တည်းသွားမယ်လေ...'
'ဒါမဲ့ အရှင်က စိတ်မချလို့တဲ့ သူကောလိုက်ခဲ့မယ်လို့ပြောတယ်...'
'အဲ့ဒါဆိုလည်း ခေါ်ခဲ့လိုက်ပါတော့..'
'စိတ်မဆိုးဘူးမလား...'
'မဆိုးပါဘူး...'
'ဘာတွေဆွေးနွေးနေကြတာလဲ ၀မ်မိဖုရားနဲ့ အချစ်တော်ရှောင်...'
'အော် ညကျရင် Yuanxiaoပွဲကို သွားလည်မလို့လေ အဲ့ဒါပြောနေကြတာ...'
'ရင်ရင်...!!'
'ဟမ် ဘာဖြစ်လို့လဲ...'
'ရှောက်မပြောနဲ့လေ...'
'ဘာမှမဖြစ်ပါဘူး ရှန်ရှန်ကလဲ..'
'အင်းလေ ကျွန်တော်မျိုးကို ပြောပြတာ ဘာဖြစ်တာကျလဲ ဘာလဲ လိုက်နှောက်ယှက်မှာစိုးနေလို့လား အချစ်တော်ရှောင်...'
ကျွန်တော် ဘာစကားမှဆက်ပြောမနေတော့ဘဲ ထိုနေရာမှသာ ထွက်ခဲ့လိုက်တော့သည်
ကျန်း၀မ့်ရီသည် လော့ပိုင်နှင့်တစ်စက်ကလေးမှမတူ ညီအစ်ကိုလို့လော့ပိုင်ပြောမှသာ ယုံခြင်းဖြစ်သည်
YOU ARE READING
အရိပ်(BL fic) Unicode+zawgyi Code
Teen Fiction§ရမ်းချေသော သူနဲ့ ဖော်ရွေလွန်းသော သူ...... ဘယ်လိုတွေ့ကြမလဲဆိုတာ....... *သူ့ပါးစပ်ကသာ မချစ်ဘူးလို့ပြောနေပေမဲ့ သူ့မျက်ဝန်းထဲက စကားတွေရဲ့ အဓိပ္ပါယ် ကိုကျွန်တော်နားလည်လိုက်ပါသည်။* သူ သူ့ကိုချစ်နေတာဘဲ
