'ဟိတ် တစ်ယောက်တည်းလား...'
'ဟင်...'
ကျွန်တော် အသံကြားရာဘက်သို့လှည့်ကြည့်လိုက်တော့ ကျောက်စိမ်းရောင် ၀တ်စုံကို၀တ်ဆင်ထားသော သူတစ်ယောက်ကိုတွေ့လိုက်သည်။
မြင်ဖူးပါသည်။ထိုမျက်နှာကို ရင်းရင်းနှီးနှီးပင်....
ကျန်း၀မ့်ရီ.....လော့ပိုင်၏အကို
သူက ဘာကြောင့် ဤနေရာသို့လာရသနည်း။၀င်ခွင့်ရှိလို့လား....ရှိလောက်ပါသည်လေ သူ၏မိဘများဖြစ်သော ကျန်းအမတ်ကြီးနှင့် ကျန်းအိမ်တော်က ဩဇာကြီးမားလွန်းလှသည် မဟုတ်ပေလား။
ကျွန်တော် ထိုင်နေရာမှထကာ..သူ့ဆီကို လျှောက်သွားလိုက်သည်။
'အကို တစ်ယောက်တည်းလာတာလား လော့ပိုင်ကော မပါဘူးလား...'
'မပါဘူး အကိုလည်း ကိစ္စလေးရှိလို့ နန်းတော်ထဲ ရောက်လာတာ...'
'အော် လော့ပိုင်ကော နေကောင်းရဲ့လား ကျွန်တော် သတိရတယ်လို့ပြောပေးပါအုံး..'
'အေးပါကွာ မင်းက ငါ့ကိုတောင် နေကောင်းလားလို့ အရင်မမေးဘဲနဲ့ မတွေ့တဲ့သူကို အရင်မေးနေတာ...'
'ဟက်...အကိုက နေကောင်းပြီးသားမလား...'
'အေးပေါ့ကွာ...ဒါနဲ့.....'
သူနှင့် ကျွန်တော် ကြာကန်ကို လှမ်းမြင်နိုင်လောက်သော နေရာတွင်ရှိသည့် အမိုးအောက်တစ်ခုသို့ သွားလိုက်ကြသည်။ အဆောင်ငယ်လေးတစ်ခုဆီကိုပေါ့...'
'ဒါနဲ့ ရှန်ဝေ့က ဘုရင့်အမိန့်နဲ့ နန်းတွင်းမှာ အမှုထမ်းနေရတာဆို...အဆင်ပြေရဲ့လား..'
'အွန်း...ပြေပါတယ် အရမ်းခက်ခဲတာမှမဟုတ်ဘဲ...'
'အားပိုင်ကတော့ မင်းသတင်းကိုကြားကြားပြီးချင်း မင်းကိုစိတ်ပူနေတာ ခုမင်းအဆင်ပြေတယ်ဆိုတော့လည်း တစ်ခုကောင်းတာဘဲလေ...'
'ကျွန်တော့်ကြောင့် စိတ်အနှောက်အယှက်ဖြစ်သွားရပြီ...ကျွန်တော် တောင်းပန်ပါတယ်လို့ ပြောပေးပါအုံးနော်...'
'ဟာ..ရပါတယ်ဟ သူမပြောနဲ့ ငါတောင်စိတ်ပူနေတာ ဘုရင့်အမိန့်ဆိုတာ တော်ရုံလူရတာမှမဟုတ်တာကို....'
YOU ARE READING
အရိပ်(BL fic) Unicode+zawgyi Code
Teen Fiction§ရမ်းချေသော သူနဲ့ ဖော်ရွေလွန်းသော သူ...... ဘယ်လိုတွေ့ကြမလဲဆိုတာ....... *သူ့ပါးစပ်ကသာ မချစ်ဘူးလို့ပြောနေပေမဲ့ သူ့မျက်ဝန်းထဲက စကားတွေရဲ့ အဓိပ္ပါယ် ကိုကျွန်တော်နားလည်လိုက်ပါသည်။* သူ သူ့ကိုချစ်နေတာဘဲ
