ကျွန်တော်တို့အကုန်လုံး လမ်းမဘက်သို့ထွက်ရပြီး ဘုရင်မင်းမြတ်အလာကို စောင့်နေကြရသည်
ဟော......စစ်သားများ ရာကျော်လောက် မျက်စိရှေ့ကဖြတ်သွားကြသည်
ဟော.......သက်တော်စောင့် ဆယ်ကျော်လောက် မျက်စိရှေ့ကပင်ဖြတ်သွားပြန်သည်
ဟော.......ထူးထူးဆန်းဆန်း ကုန်းကုန်း၅ယောက်လောက်က မျက်စိရှေ့ကပင်ဖြတ်သွားကြပြန်သည်
တော်တော်များလိုက်တဲ့လူတွေပါလား...အကိုက ပေါ်ကိုမလာသေးဘူး
'ဘုရင်ကို ဖူးမြော်ရဖို့ ဒီလောက်တောင်ကြာလား အားပိုင်'
'ငါတို့ ဘုရင်က အဖြစ်သည်းတယ်ဟ'
'ဟမ်...ဘယ်လိုအဖြစ်သည်းတာလဲ'
'ပြောရရင်တော့သူ့မိဖုရားကို စိတ်မချတာ ငါတို့ဘုရင်က သူ့မိဖုရားကိုတော်တော်ချစ်တာ မျက်စိအောက်ကကို အပျောက်မခံဘူး တိုင်းခန်းလှည့်လည်တိုင်းလည်း ဒီလိုကြီးဘဲ အစောင့်အရှောက်တွေအများကြီးနဲ့ '
'Aww မိဖုရားရှိတယ်တဲ့လား'
'ဘုရင်ပါဆိုနေမှ မိဖုရားတော့ရှိတာပေါ့ကွ ဒါတောင် ငါတို့ဘုရင်က မိဖုရားတစ်ယောက်တည်းယူထားတာ နေစမ်းပါအုံးဟ မင်းက ဘာလို့မသိသလိုနေနေတာလဲ အရင်ကလည်း ဒီတိုင်းဘဲကို'
'ကျွန်တော် ခေါင်းထိထားပါတယ်ဆို လော့ပိုင်ကလည်း '
'အေးပါကွာ'
ကျွန်တော်တို့ ပြည်သူတွေအားလုံးက ဘုရင်ကို မော်ဖူးခွင့်မရသေးပါ အကုန်လုံး ခေါင်းငုံ့ထားရခြင်းဖြစ်သည်
ကျွန်တော် ဘုရင်မလာသေးဘူးဟု သိရခြင်း ကျွန်တော်ခေါင်းကို မသိမသာမော့၍ ခိုးကြည့်လိုက်ခြင်းကြောင့်ဖြစ်ပေသည်
ထိုချိန်တွင် ကျွန်တော် နောက်တစ်ခါ မော့ကြည့်မိလိုက်သည်
ထိုချိန်တွင်......ထိုချိန်တွင်........
ကျွန်တော် အမြင်ချင်ဆုံး....ထိုလူသား..
ထိုလူသားက သူစီးလာသော ဝေါယာဉ်အနီကြီးပေါ်မှဆင်းနေကာ ဘေးတွင်အစောင့်များကခြံရံထားလျက်.....
YOU ARE READING
အရိပ်(BL fic) Unicode+zawgyi Code
Teen Fiction§ရမ်းချေသော သူနဲ့ ဖော်ရွေလွန်းသော သူ...... ဘယ်လိုတွေ့ကြမလဲဆိုတာ....... *သူ့ပါးစပ်ကသာ မချစ်ဘူးလို့ပြောနေပေမဲ့ သူ့မျက်ဝန်းထဲက စကားတွေရဲ့ အဓိပ္ပါယ် ကိုကျွန်တော်နားလည်လိုက်ပါသည်။* သူ သူ့ကိုချစ်နေတာဘဲ
