ကျွန်တော် ဆေးရုံရောက်သွားတော့ ခွဲစိတ်ခန်းမှာ ကျွန်တော့်ရဲ့ ခန္ဓာကိုယ်ကို ဆရာဝန်များက ကြိုးစားပမ်းစားခွဲစိတ်ပေးနေကြသည်:
ကျွန်တော့်ရဲ့ကိုယ်ကို ခွဲစိတ်နေသည်ကို ကျွန်တော်ကိုယ်တိုင်မြင်လိုက်ရတော့ တော်တော်လေးကို အော်ဂလီဆန်သွားသည်
'ဒါ....ဒါ ကျွန်တော်ပေါ့ ဟုတ်လား...'
'ဟုတ်တယ် မြေးလေး ဒါပေမဲ့ ဒီခွဲစိတ်မှုက အောင်မြင်လိမ့်မယ် ငါ့မြေး သေချာဆုံးဖြတ်ပြီးရင် လိုက်ခဲ့တော့'
ကျွန်တော် ခနတာကြည့်ရင်း အပြင်ဘက်ကို ပြန်ထွက်ခဲ့လိုက်သည်
ခွဲစိတ်ခန်းအပြင်ဘက်တွင် ထိုင်မရ ထမရဖြစ်နေသော ဖေဖေ
ကျွန်တော် သနားလိုက်တာဗျာ ကျွန်တော် ဆုံးဖြတ်တာမှားသွားပြီလား
ဖေဖေက အကိုmikeနှင့် အတူ ကျွန်တော့သတင်းကိုကြားကြားချင်းလိုက်ခဲ့သည် ဟုထင်သည်:
'ငါ့သားလေး.....ငါ့သားလေး....ဘာမှမဖြစ်လောက်ပါဘူးနော်'
'ဦးလေးရယ် စိတ်မပူပါနဲ့ လရိပ် ဘာမှမဖြစ်လောက်ပါဘူး....ဦးလေးသာ စိတ်အေးအေးထားပါ....'
'Mike...မင်းအန်တီကို အကြောင်းကြားပြီးပြီလား ရဲရင့်ကိုကော....'
'ကျွန်တော် နှစ်ယောက်လုံးကို အကြောင်းကြားပြီးပါပြီ...မကြာခင်ရောက်လာတော့မှာပါ....'
'အေးပါကွယ်....ငါ့သားလေး အန္တရာယ်ကင်းမှဖြစ်မယ်.....'
အကိုmikeက ဖေဖေ့ပုခုံးကို ပုတ်ပေးနေရင်း ပြောနေခြင်းဖြစ်သည်
'ရဲရင့်ကတော့ ကြားကြားချင်းဘဲ ထွက်လာခဲ့တယ်တဲ့ ဒါပေမဲ့ သူဒီကိုရောက်ဖို့က နေ့တစ်ဝက်လောက်ကြာအုံးမှာဆိုတော့ လာခိုင်းလို့ဖြစ်ပါ့မလား သူအလုပ်ကပျက်လို့ရမရမသိ...'
'အေးကွယ် ဒါပေမဲ့ ငါလဲသိပါတယ် ငါ့သားနဲ့ ရဲရင့်အကြောင်းကို ဒါမှသူမလာရင် သူလရိပ်ကိုမချစ်လို့ပေါ့....'
'ဟုတ်ကဲ့ပါဦးလေးရယ်...လာခနထိုင်ပါအုံး...'
အကိုmikeကဖေဖေ့ပုခုံးမှကိုင်၍ပင် ထိုင်ခုံတွင် ထိုင်ခိုင်းလိုက်သည်
YOU ARE READING
အရိပ်(BL fic) Unicode+zawgyi Code
Teen Fiction§ရမ်းချေသော သူနဲ့ ဖော်ရွေလွန်းသော သူ...... ဘယ်လိုတွေ့ကြမလဲဆိုတာ....... *သူ့ပါးစပ်ကသာ မချစ်ဘူးလို့ပြောနေပေမဲ့ သူ့မျက်ဝန်းထဲက စကားတွေရဲ့ အဓိပ္ပါယ် ကိုကျွန်တော်နားလည်လိုက်ပါသည်။* သူ သူ့ကိုချစ်နေတာဘဲ
