ကျွန်တော်လည်း ဘာမှပြောမနေတော့ဘဲ သူ့ထက်အရင်သာ ထိုနေရာမှထွက်ခဲ့လိုက်တော့သည်
ရံရွေတော်တစ်ယောက်ကို ရုတ်တရက် တွေ့မိလိုက်သောအခါ...
'အရှင် ဘယ်မှာလဲ သိလား...'
'အရှင်က ၀မ်မိဖုရားဆီ ရောက်နေပါတယ်...အချစ်တော် ရှောင်...'
'အေး ငါသိပြီ သွားတော့...'
အော်...ချက်ချင်းကို အသုံးအနှုန်းပြောင်းသွားတာပါလား သခင်လေးကနေ အချစ်တော်ရှောင် တဲ့...ဟက်...
ယခုသတင်းကြားရသည်က ပို၍ စိတ်သက်သာရာရစေ၏ ဘာကြောင့်ဆိုတော့ အကို လီမိဖုရားဆီရှိမနေဘဲ ရင်ရင်ဆီတွင် ရှိနေသောကြောင့် စိတ်သက်သာသွားခြင်းဖြစ်ပေသည်။
သို့သော် ကျွန်တော် ရင်ရင်ဆီသို့ လိုက်သွားမိချင်သည် စိတ်ကစေသည့်အတိုင်းပင် ကျွန်တော် ၀မ်မိဖုရားအဆောင်ဆီသို့သွားလိုက်၏
'အရှင်...စိတ်ညစ်နေတာလား...'
'အင်း...'
'အရှင် အခုဘယ်လိုခံစားနေရလဲဆိုတာ ကျွန်တော်မျိုးမကိုပြောပြလို့ရပါတယ်...'
'ငါဘယ်လိုခံစားနေရလဲဆိုတာ မင်းကိုပြောပြလိုက်ရင် ခံစားနေရတာတွေက ပျောက်သွားမှာမို့လို့လား...'
'မပျောက်ပေမဲ့ ခံစားရတာ တစ်ဝက်ကတော့ လျော့သွားစေမယ်လို့...အဲ့ဒါတော့ ကျွန်မ အာမခံရဲတယ်...'
'....'
ကျွန်တော် အပြင်ဘက်ကနေ စကားပြောသံများကိုနားထောင်နေခြင်းဖြစ်သည်။ ခိုးနားထောင်နေခြင်းမဟုတ်ပါ တံခါးခေါက်ပြီးဝင်သွားရန် ကြံထားသော်လည်း ဘာပြောမလဲဟု စိတ်ဝင်စားသဖြင့် နားထောင်မိသောကြောင့် ခိုးနားထောင်သလိုပင် ဖြစ်သွားတော့သည်
'ကိုယ်တော် သူ့ကို တကယ်ချစ်ခဲ့တာ...'
'....'
'ယောကျာ်းလေးချင်းဖြစ်ပေမဲ့လည်း ကိုယ်တော်...ဘယ်သူဘာပြောပြော သူ့အပေါ်ထားတဲ့ အချစ်တွေက မပြောင်းလဲသွားဘူး...'
'....'
'ကမ္ဘာပေါ်မှာ မင်းမသိနိုင်တဲ့အကြောင်းအရာတွေအများကြီး ရှိသေးတယ် ၀မ်မိဖုရား...သူနဲ့ကိုယ်တော်က ဟိုးဘ၀တွေကတည်းက သိလာခဲ့ကြတာ...သူကြောင့်ဘဲ...သူ့ကြောင့်ဘဲ...ကိုယ်တော်အရာအားလုံးကို စွန့်လွှတ်ခဲ့ရဖူးတယ်...'
YOU ARE READING
အရိပ်(BL fic) Unicode+zawgyi Code
Teen Fiction§ရမ်းချေသော သူနဲ့ ဖော်ရွေလွန်းသော သူ...... ဘယ်လိုတွေ့ကြမလဲဆိုတာ....... *သူ့ပါးစပ်ကသာ မချစ်ဘူးလို့ပြောနေပေမဲ့ သူ့မျက်ဝန်းထဲက စကားတွေရဲ့ အဓိပ္ပါယ် ကိုကျွန်တော်နားလည်လိုက်ပါသည်။* သူ သူ့ကိုချစ်နေတာဘဲ
