မားမားဆုံးပြီး တစ်ပတ်ကြာသည်အထိ ကျွန်တော်ကျောင်းမသွားခဲ့ပေ။
သို့သော် လရိပ်ကတော့ ညနေတိုင်း ကျွန်တော့်ဆီလာပြီး သင်သမျှစာတွေကို လာပြောပြပေးသည်။
ထင်သည့်အတိုင်းပေ ပါပါးက အသုဘကိုတာဝန်အရလုပ်ပေးပြီးတော့ ရက်လည်ပြီးတာနှင့် သူ့နောက်မယားကိုခေါ်ပြီး နိုင်ငံခြားတွင်သာသွားနေတော့သည်။
တစ်ခုတော့ ပါပါးကိုကျေးဇူးတင်ရမည် ပါးကကျွန်တော်ကိုသားအဖြစ်က မစွန့်လွှတ်ဘဲ တစ်လတစ်လသုံးရန်အတွက် ငွေများကိုတော့ပို့ပေးသေးသည်။
မပို့ပေးလျှင်လည်း ကျွန်တော် ကျောင်းဆက်မတက်ဘဲ အလုပ်လုပ်မှသာ ရပေးတော့မည်။
ဘယ်လိုဘဲဖြစ်ဖြစ် အရင်တုန်းက မားရဲ့စကားပြောသံလေးတွေ လွင့်ပြယ်နေခဲ့တဲ့ ဒီအိမ်ကြီးထဲမှာ ခုတော့ မားရဲ့ မောင်ဖြစ်သော ဦးငယ်တို့မိသားစုနှင့်သာ တူတူနေခဲ့ရတော့သည်။
ဦးငယ်တွင် သမီးလေးဥတစ်ယောက်တည်းသာရှိသည်။
ကျွန်တော့်ကို ဥလေးက သူ့အကိုအရင်းလိုသဘောထားပြီး ခင်ရှာသည် သူ့ပျင်းတိုင်း ကျွန်တော့်ကိုကစားရန်လာခေါ်လေ့ရှိသည်။
မားဆုံးပြီးကတဲက အနေအေးသွားသော ကျွန်တော့်ကို လူတိုင်းက အရင်လိုပုံမှန်အင်ပြန်နေစေချင်ကြသည် ဒီထဲတွင်လရိပ်ကထိပ်ဆုံးပေါ့.......
မှတ်မှတ်ရရပေါ့ .........
လရိပ်အိမ်လာလည်သည့်အချိန်တွင် ဥလေးကကျွန်တော့်ကို ကစားရန်လာခေါ်နေချိန်ဖြစ်သည်။
'ကိုကိုရဲရေ....ဥလေးနဲ့တူတူကစားပေးလေနော်...နော်လို့....'
'ဥလေး...ကိုကိုရဲကစိတ်ညစ်နေလို့ပါ နောက်နေ့မှဆော့ရအောင်လေ...'
'ကိုကိုရဲကဥလေးကို ချစ်တော့ဘူးပေါ့...ဟွ့န့်...'
'မချစ်တာမဟုတ်ပါဘူး နောက်နေ့မှဆော့ပေးမယ်လို့ပြောတာပါ...နော်ဥလေးကလဲ စိတ်မကောက်ရဘူးလေ'
'ရဲရင့်..မင်းကလဲကွာ ခလေးကဆော့ချင်နေတာကို တူတူကစားပေးလိုက်ပေါ့....'
YOU ARE READING
အရိပ်(BL fic) Unicode+zawgyi Code
Teen Fiction§ရမ်းချေသော သူနဲ့ ဖော်ရွေလွန်းသော သူ...... ဘယ်လိုတွေ့ကြမလဲဆိုတာ....... *သူ့ပါးစပ်ကသာ မချစ်ဘူးလို့ပြောနေပေမဲ့ သူ့မျက်ဝန်းထဲက စကားတွေရဲ့ အဓိပ္ပါယ် ကိုကျွန်တော်နားလည်လိုက်ပါသည်။* သူ သူ့ကိုချစ်နေတာဘဲ
