part 33 zawgyi code

286 24 0
                                        

*နာလိုက်တာဗျာ အသားနာတာထက် ရင်ဘတ် ထဲက အသည်းနှလုံးက ပိုနာကျင်လွန်းတယ် 

ကျွန်တော် မလုပ်ဘူးလို့ပြောလည်း အကိုက ယုံမည်လား သူ့မိဖုရားကို ပိုယုံကြည်မည် မဟုတ်ပေလား*

နာကျင်စွာနဲ့ ကျဆင်းလာသော မျက်ရည် စက်များကို စိတ်ရှုပ်စွာ သုတ်ပစ်လိုက်သည်

ကြိမ်ဒဏ်ကြောင့် ကျောကုန်းမှ တစ်စိမ့်စိမ့် ထွက်နေသော သွေးစတစ်ချို့တို့က တိုက်ခတ်လာသော လေစိမ်းကြောင့် စပ်ဖြင်းဖြင်း ဖြစ်သွားလေသည်

ကျွန်တော့်ရဲ့ အကျီကလည်း ရစရာမရှိတော့အောင်ကို စုတ်ပြတ်သတ်နေလေပြီ

(ဟိုလေ အကျီဆိုတာ ingyi,clothesကိုပြောတာပါ ခုnox သုံးနေတဲ့ keyboardက အဲ့ ingyi ကိုရေးလို့မရလို့ အကျီ လို့ဘဲ ရေးလိုက်တော့တာပါ ဆောတီးနော် ဖတ်လို့မရခဲ့ရင် သွေ့ပုချိ🥺🥺🥺)

ကျွန်တော်ရဲ့ ၂၁ရာစုကဘဝအကြောင်းကို လူတိုင်းသိကြပေသည်

တစ်ဦးတည်းသော သားဖြစ်ရုံသာမက မိဘကလည်း ကျိကျိတက်ချမ်းသာတော့ ကျွန်တော့်ကိုရိုက်ဖို့နေနေသာသာ ပါးစပ်ဖြင့်ပင် မအော်ဖူးပေ

ငယ်ငယ်တုန်းက ကျွန်တော်ကျောင်းမှာ ကောင်လေးတစ်ယောက်နှင့် ရန်ဖြစ်ဖူးသည် ရန်ဖြစ်လို့ ကျွန်တော်အသာရနေစဉ်မှာ သူကဘယ်ကရောက်နေမှန်းမသိတဲ့ အုတ်ခဲနဲ့ကျွန်တော့်ခေါင်းကို ထုချလိုက်တော့သည်

ကျွန်တော် ခနတာ လောကကြီးနှင့် အဆက်အသွယ်ပျက်သွားတော့သည်

ကျွန်တော်ပြန်နိုးလာတော့ ဆေးရုံသို့ရောက်နှင့်နေပြီး ဖြစ်သည်

ဘေးတွင် ကျွန်တော့်လက်ကို ကိုင်၍ စိတ်ပူနေသော ကျွန်တော့်မေမေကိုတွေ့လိုက်ရပြီး

'သား...သားသတိရလာပြီလား ဘယ်နားနာသေးလဲဟင်...... ဖေကြီးရေ သားသတိရလာပြီ မြန်မြန်လာ'

ထိုချိန်တွင် အခန်းထဲသို့ အလောတကြီးဝင်လာသော ဖေဖေ

'သား...သား သက်သာလားဟင် ခေါင်းကော နာနေသေးလား'

ကျွန်တော် ကျွန်တော့်ခေါင်းကိုကိုင်ကြည့်လိုက်တော့ ပတ်တီးကိုစမ်းမိလိုက်သည်

အရိပ်(BL fic) Unicode+zawgyi CodeWhere stories live. Discover now