ွကွန်ဒိုကကျွန်တော် မှန်းထားသည်ထက်ကို ပို၍ကောင်းလွန်းနေသည်။ကျွန်တော်ထင်ထားသည်ထက်ကို ပိုကျယ်ပိုကြီးလွန်းသည်။
တံခါးမကြီးကို lockဖွင့်ပြီးသွား၍ အထဲသို့ဝင်လိုက်စဉ်
အလှပန်းအိုးတင်ထားသော စားပွဲခုံလေးတစ်ခုံ ဆိုဖာ အမည်းများက အခန်းတစ်ဝက်အပြည့် tvကိုလည်းနံရံ၌ကပ်ထားပေးသည်
မီးဆိုင်းများက အပေါ်တွင် တွဲလောင်း....
အထဲသို့ဆက်လျှောက်လာ၍ လာရာလမ်းတစ်လျှောက်၌လည်း ဘေးတွင် မီးအိမ်လေးများချိတ်ဆွဲထားသည်
ဘေးဘက်ကိုချိုးလိုက်လျှင် သန့်ရှင်းသပ်ရပ်နေသော မီးဖိုချောင််နှင့် ထမင်းစားစားပွဲ
ဘေးတွင် ရေခဲသေတ္တာကို ထားထားသည်
ပြန်ထွက်၍ အိပ်ခန်းထဲသို့ဝင်လိုက်သောအခါ
'Wow...တော်တော်ကျယ်တာဘဲ....'
ဟုတ်သည်...တော်တော်လေးကိုကျယ်သောအိပ်ခန်းဖြစ်သည်။
ခုတင်ကလည်း ငါးယောက်လောက်အေးဆေးအိပ်နိုင်သည်။
အပြင်မှအလင်းရောင်များ အိပ်ခန်းထဲသို့ ဝင်စေရန် လိုက်ကာကိုဖွင့်လိုက်သောအခါ မြင်လိုက်ရသော မြင်ကွင်းက အံ့အားမသင့်ဘဲမနေနိုင်တော့ပါ
လမ်းကြီး အကျယ်ကြီးများပေါ်တွင် သွားလာလှုပ်ရှားနေကြသော ကားအကြီးအသေး အရောင်အမျိုးအစားမျိုးစုံ တို့ပင်....
လှလိုက်သည့်မြင်ကွင်း ညရောက်လျှင်မည်မျှပင်လှမည်ကို မသိတော့.....
ထို့နောက် ရေချိုးခန်းဘက်ကို သွား၍ တံခါးကိုဖွင့်လိုက်ပြီး အထဲတွင် ရေချိုးခန်းနှင့် toilet တွဲရက်ပင်ဖြစ်သည်ကိုတွေ့ရသည်။
ထိုအခန်းလည်း တော်တော်ကျယ်သည် တော်တော်လည်း မိုက်သည်။
ကျွန်တော့်ပစ္စည်းများက ကျွန်တော့်အခန်းထဲတွင် ရောက်နှင့်ပြီးဖြစ်သောကြောင့် အထူးသယ်စရာမလိုတော့ပေ။
ကျွန်တော် ပစ္စည်းများကို အနည်းငယ်နေရာချပြီးတာနဲ့ ရေချိုး လိုက်သည်။
BINABASA MO ANG
အရိပ်(BL fic) Unicode+zawgyi Code
Teen Fiction§ရမ်းချေသော သူနဲ့ ဖော်ရွေလွန်းသော သူ...... ဘယ်လိုတွေ့ကြမလဲဆိုတာ....... *သူ့ပါးစပ်ကသာ မချစ်ဘူးလို့ပြောနေပေမဲ့ သူ့မျက်ဝန်းထဲက စကားတွေရဲ့ အဓိပ္ပါယ် ကိုကျွန်တော်နားလည်လိုက်ပါသည်။* သူ သူ့ကိုချစ်နေတာဘဲ
