part 17

666 48 2
                                        

စားပြီးပြီဆိုလည်း သွားရအောင်လေ

'အင်း....'

လရိပ်နေရထိုင်ရမအီမသာဖြစ်နေသည်။
ရင်ဘတ်ထဲကအောင့်သလိုလို တစ်ခါတစ်လေစူးသွားသလို ထိုင်လို့လဲမရ ထလို့လဲမရ ဓားဖြင့်နှလုံးသားကို မွှန်းနေသလို

မျက်လုံးထဲတွင် သူ့ပုံရိပ်သာ......

မင်းဇေ....သူဘယ်ရောက်နေတာလဲ ခုနကတဲကထွက်သွားတာ.......

'ဒီမှာ....ဒီမှာ....'

'ဟင်...ကျွန်တော့်ကိုခေါ်တာလား....'

'အင်းမင်းကိုဘဲ....'

မင်းဇေရဲ့ရည်းစားဟောင်းကြီး သို့သော် ခုနကပင် လူရှေ့သူရှေ့ နမ်းခဲ့ကြသော ကောင်မလေး...

'တို့က မွှေးဖြူစင်ပါ....'

'aww...ဟုတ်ကဲ့ ဘာကူညီပေးရမလဲမသိဘူး'

'တို့ကမင်းကိုသိစေချင်လို့ တို့ကမင်းဇေရဲ့ရည်းစားပါ'

*ဘာလဲဟ အရှက်မရှိ မင်းဇေကိုယ်တိုင် ငါတို့ရှေ့မှာတင် သူ့ကိုဖြတ်ခဲ့တာကို အမှတ်ကမရှိဘူး လာပြောနေသေးတယ်*

'...'

'မင်းကိုသိစေချင်တာက မင်းဇေနားကိုအရမ်းမကပ်ပါနဲ့ ဖြစ်နိုင်ရင် သူနဲ့မပတ်သတ်ပါနဲ့ အေး ပြောထားရက်နဲ့ ဆက်ပတ်သတ်နေရင်တော့ တို့ရဲ့အဆိုးမဆိုနဲ့နော်...'

'ကျွန်တော်ကလိုက်မပတ်သတ်ပါဘူး ခဗျားရဲ့မင်းဇေကိုသာ လိုက်မပတ်သတ်ခိုင်းပါနဲ့'

'....'

ဒေါသအရိပ်ယောင်နဲ့ထွက်သွားသော မမွှေးဖြူစင် ကျွန်တော် သူထွက်သွားသော နောက်ကျောပြင်ကို စိုက်ကြည့်နေရင်း ဘယ်လို့မှန်းမသိ ပူနွေးနွေးအရည်တစ်ချို့က မျက်နှာထက်တွင် တိတ်ဆိတ်စွာကျဆင်းနေလေသည်။

*ငါမျက်ရည်မကျသင့်ဘူးလေ အကိုနဲ့ငါနဲ့က ဘာမှမှမဟုတ်တာ ပြီးတော့ ငါကယောကျၤားလေးလေ မိန်းကလေးတစ်ယောက်နဲ့ဖက်ပြီးယောကျာၤးတစ်ယောက်ကို မလုသင့်ဘူး......ဟာ....ငါနဲ့မင်းဇေက ဘာမှမှမဖြစ်သေးတာ.....ဘာလဲ....ငါကရဲရင့်ပြောသလိုများ မင်းဇေကိုစိတ်ဝင်စားနေတာလား*

'ဟေ့....အရိပ်လေး.....'

'...'

'အရိပ်လေး....ဘာတွေတွေးနေတာလဲ'

အရိပ်(BL fic) Unicode+zawgyi CodeWhere stories live. Discover now