အကိုထွက်သွားပြီးမကြာပါဘူး...
'သခင်လေး ၀မ်မိဖုရားကြွချီလာပါတယ်....'
'ဟင်...ဟုတ်...ကဲ့...'
'ရှန်ရှန်ရေ...သတိရနေတာ...ရင့်ကိုကော မလွမ်းဘူးလား...'
ပါးစပ်ကပြောရင်းဖြင့် ကျွန်တော့်ခါးကို အပြေးတစ်ပိုင်း ပြေးဖက်လာသောသူမ
ဘေးနားတွင် ယွဲ့ကုန်းကုန်းနှင့် တခြား ရံရွေတော်များရှိနေသေးသည်။
ရင်ရင်က တမင်သက်သက်လုပ်လိုက်တာလား။ ကျွန်တော်နှင့်အကို့အကြောင်းကို မကျေနပ်သဖြင့် ထိုကဲ့သို့လုပ်လိုက်သည်လား။ဘယ်လိုဘဲဖြစ်ဖြစ် ကျွန်တော်တို့နှစ်ယောက် ရိုးသားသလောက် အများအမြင်ကျ မရိုးသားနိုင်...ဤသတင်းသည်လည်း အနှေးနဲ့အမြန်ပင် အကို့နားဆီသို့ ရောက်ပါလိမ့်မည်။ရောက်ပြီဆိုပါက ကျွန်တော့်ခေါင်း မိုးမီးလောင်ရုံပင်...ကျွန်တော်ဖောက်ပြန်သည်ထက် သူ့မိဖုရားကိုထိလို့ စိတ်တိုမည်က ခပ်များများရယ်...
'၀မ်မိဖုရား...နည်းနည်းလေး လက်ကိုလျှော့ပါအုံး...ယွဲ့ကုန်းကုန်းတို့ရှိနေသေးတယ်လေ...'
'ဘာလဲ အရှင်နဲ့ကျ လူမြင်ကွင်းတောင် မရှောင်ဘဲနဲ့ မိုးမြင်လေမမြင် ဖြစ်နေကြပြီးတော့...ခုအဆောင်ထဲမှာ ရင်ကဖတ်တော့ မကြိုက်ဘူးလား...ဟွန့်...'
လက်ကိုလည်း ဖြုတ်ချကာ မျက်နှာစူပုပ်ပုပ်ဖြင့် တစ်ဖက်သို့လှည့်ထွက်သွားတော့သည်။
ဘယ်လိုဘဲဖြစ်ဖြစ် ခုအချိန်က သူနှင့်ကျွန်တော် ခန္ဓာကိုယ်ချင်းဝေးကွာသွားရန်ပင်...ပြီးမှ ဘယ်လိုဘဲရင်ရင့်ကိုချော့ရရ ချော့ရရ...ခုချိန်က အရေးမကြီးသေး...
'ရင်ရင်က ဒီကိုဘာလာလုပ်တာလဲ...'
'သွား စကားမပြောဘူး...'
တကယ်ပါဗျာ...ရင်ရင်က တကယ့်ကိုချစ်ဖို့ကောင်းလွန်းသောကလေးလေးတစ်ယောက်ပင်...စဉ်းစားမိသည်.. ရင်ရင်သာ ကျွန်တော့်ညီမလေး တကယ်ဖြစ်မည်ဆိုလျှင် ခုလို မျက်နှာစူပုပ်ပုပ်ဖြစ်နေချိန်မှာ သူ့ရဲ့ပြည့်ဖောင်းဖောင်းပါးလေးနှစ်ဖက်ကို ကျွန်တော့်လက်ဖြင့် ဆွဲညှစ်ပြစ်လောက်မိပေမည်။
YOU ARE READING
အရိပ်(BL fic) Unicode+zawgyi Code
Teen Fiction§ရမ်းချေသော သူနဲ့ ဖော်ရွေလွန်းသော သူ...... ဘယ်လိုတွေ့ကြမလဲဆိုတာ....... *သူ့ပါးစပ်ကသာ မချစ်ဘူးလို့ပြောနေပေမဲ့ သူ့မျက်ဝန်းထဲက စကားတွေရဲ့ အဓိပ္ပါယ် ကိုကျွန်တော်နားလည်လိုက်ပါသည်။* သူ သူ့ကိုချစ်နေတာဘဲ
