part 10

986 63 0
                                        

နှစ်ချိန်သင်ပြီးသွားသောအခါ နားချိန် 15မိနစ်ရသည်

'မင်းနာမည်က ရဲရင့်နော်.....ငါ့နာမည်ကလရိပ် မှတ်ထားအုံး...'

'အင်းပါ ကျေးဇူးနော်ကူညီပေးခဲ့လို့.....'

ကျွန်တော် ယောကျၤားလေးများကို စိတ်မဝင်စားပါ ဆန့်ကျင်ဘက်လိင်ကိုသာ စိတ်ဝင်စားသည်...ဒါသဘာဝဘဲလေ......

သို့သော်.....သူ့ဘေးနားစထိုင်ကတဲက အကူညီပေးခဲ့သော လရိပ်ကို ကျွန်တော့်မျက်လုံးထဲတွင် မိန်းခလေးဟုသာ မြင်ယောင်မိသည်။

မထိရက်စရာ နူးညံ့အိစက်နေသော ဖြူဖွေးနေသည့် အသားအရေ.....ဇင်ယော်မျက်ခုံးနှင့် အညိုရောင်မျက်စံ ဖြောင့်စင်းနေသော နှာတံချွန် ပါးလွှသော နှုတ်ခမ်းပါး လည်ပင်းတစ်လျှောက် အကြောစိမ်းများက ကျောက်စိမ်းများသဖွယ်

အရပ်က ကျွန်တော့်လောက်မရှည်သော်လည်း သူ့အရပ်နှင့် bodyက အချိုးအဆ ညီလှသည်။

တကယ့် မိန်းခလေးပါဘဲလေ....

'ရဲရင့်...ဆရာမလာတော့မှာ စာအုပ်ထုတ်ထားတော့....ငါ့ဆီကtime tableကူးပြီးပြီလား?'

'အင်း...ခုနလေးတင်က ကူးပြီးသွားတာ...'

နေ့လည်ထမင်းစားချိန်ရောက်တော့......

'ရဲရင့်...ငါတို့နဲ့တူတူလာစားလေ....'

'အင်း....'

ကျွန်တော် သူတို့ ထမင်းစားနေသည့် အဖွဲ့နားသို့သွား၍ လရိပ်ဘေးတွင်ကပ်ထိုင်လိုက်သည်

'လာ....ဒီဘက်တိုး....'ဟူ၍ ကျွန်တော့်ကို သူ့အပြုံးချိုချိုလေး ဖြင့် ပြုံးပြလေသည်....

ကျွန်တော်...ဗိုက်ဝသွားပါပြီ.....သူ့အပြုံးလေးတွေက ကျွန်တော့် အတွက် ခွန်အားဖြစ်စေမဲ့ အားဆေးလေးပါဘဲ။

ကျွန်တော် မယုံပါ စစချင်းတွေ့ရုံနဲ့ ချစ်မိသွားနိုင်တယ် ဆိုတဲ့စကားကို......

ခုတော့ လက်တွေ့ဖြစ်နေတာပါလား......

ထမင်းစားပြီး စာသင်....စာသင်ချိန်ပြီးသွားသောအခါ 3နာရီထိုးတော့ ကျောင်းဆင်းသည်

'Bye....ရဲရင့်....မင်းကိုအိမ်ကလာကြိုမှာလား...'

'မကြိုဘူး လမ်းလျှောက်ပြန်မှာ....'

အရိပ်(BL fic) Unicode+zawgyi CodeDonde viven las historias. Descúbrelo ahora