part 21

626 42 6
                                        

'လာ.....အတန်းသွားတက်ရအောင်'

'အင်း....'

အရိပ်လေး မင်းဇေဆုံးသွားပြီးကတဲက အရယ်အပြုံး ဟူ၍မရှိတော့ပေ

အလွန်တရာအေးစက်လွန်းသော လူငယ်တစ်ယောက် ဖြစ်ခဲ့လေပြီ

မင်းဇေရယ် မင်းကိုသာအသက်ပြန်ရှင်အောင် လုပ်ပေးခွင့်ရရင် ငါအရမ်းဝမ်းသာမိမှာဘဲဟာ......

မင်းခုလာကြည့်လှည့်ပါအုး လရိပ်ဆိုတဲ့သူက အရင်ကနဲ့လုံးဝမတူတော့ဘူး အရင်ကဆဲဆိုပြီး ပါးစပ်သရမ်း လွတ်လွတ်လပ်လပ် ပေါ့ပေါ့ပါးပါး နေတတ်တဲ့သူက ခုသူမဟုတ်တော့တဲ့အတိုင်းဘဲ

မင်းဆုံးပါးသွားတာနဲ့အတူတူ လရိပ်လေးက သူ့ရဲ့ပျော်ရွှင်မှုတွေအကုန်လုံးကို မင်းနဲ့အတူတူ မြေမြှပ်လိုက်ပါပြီကွာ....

ငါဘယ်တော့မှ အရင်ကအရိပ်လေးကို ပြန်မရနိုင်တော့ဘူး.....

သူသာအရင်ကအတိုင်းပြန်ဖြစ်မယ်ဆိုရင် ငါဘာတွေဘဲပေးဆပ်ရပေးဆပ်ရ ငါ့အသက်ကိုပါပေးနိုင်ပါတယ်ဟာ.......

သူ့ပါးစပ်ကသာ စိတ်မဝင်စားဘူး မချစ်ဘူးလို့ အတင်းငြင်းနေပေမဲ့

သူ့မျက်ဝန်းထဲက စကားတွေကို ငါနားလည်ပြီးသားပါ......

သူကမင်းကို သူ့အသက်ထက်ပိုပြီး မြတ်နိုးရှာတယ် ချစ်လဲအတော်ချစ်ရှာတယ်

မင်းဇေရယ် ဘာကြောင့် မင်း လရိပ်ကို စိတ်ချလက်ချထားပြီး သွားနိုင်တာလဲဟာ

ခုဆို တစ်ကျောင်းလုံးက သူ့ကို အပြစ်သားတစ်ယောက်လိုမျိုး ဆက်ဆံကြတယ် မခေါ်ကြဘူး

ဒါတွေအကုန်လုံးက မွှေးဖြူစင်ရဲ့ စနက်ဆိုတာ သိပေမဲ့လည်း ငါအပြစ်မပြောနိုင်ဘူး

မင်းကွာ........လုပ်ရက်တယ်

.......

ကျွန်တော့်ရဲ့ တစ်နေ့တာဖြတ်သန်းမှုက အရင်ကနဲ့လုံးဝမတူတော့ဘူး

အရမ်းပင်ပန်းလွန်းတယ် ကျောင်းသွားလည်း တစ်နေ့ကုန်ဖို့က အရမ်းခက်ခဲလွန်းတယ်

သို့သော်.....ကျွန်တော် ကျွန်တော့် ဘဝကို လက်မလျှော့ချင်ဘူး ကျွန်တော့်ဘက်မှာ ကျွန်တော်သိပ်ချစ်ရတဲ့ မေမေရှိသေးတယ် ဖေဖေရှိသေးတယ်

အရိပ်(BL fic) Unicode+zawgyi CodeWhere stories live. Discover now