ကျွန်တော် လေယာဉ်ပေါ်တွင် အသက်မဲ့သူတစ်ယောက်လိုသာ တိတ်ဆိတ်စွာ လိုက်ပါခဲ့လိုက်သည်။
'အား....ဟင့်....မသွားပါနဲ့......ကျွန်တော့်ကို တစ်ယောက်တည်းမထားခဲ့ပါနဲ့....ဟင့်.....မသွားပါနဲ့......'
'Heyy.....Are u Ok,Sir?'
'Oh.....ah....it's ok i'm fine...Thank u'
'U wc....'
ကျွန်တော်....ကျွန်တော် မင်းဇေဆုံးသွားပြီးကတဲက အိပ်မက်တစ်ခုတည်းကိုဘဲ ထပ်ခါထပ်ခါမက်လေ့ရှိသည်။
စစချင်းက တစ်လမှတစ်ခါသာမက်သော်လည်း နောက်ပိုင်းကျ တစ်ပတ်ကိုတစ်ခါ ခုကျ တစ်ရက်ခြားတစ်ခါ.....
ကျွန်တော် လေယာဉ်ပေါ်တွင် ခနသာ အိပ်ပျော်သွားသော်လည်း ထိုအိပ်မက်.....ထိုယုတ္တိမရှိသောအိပ်မက်ကြီးကို မက်လိုက်လေသည်။
အစပိုင်းက ထိုအိပ်မက်ကို သာမာန်သာမြင်မက်သည်ဟု တခုခုကို စွဲ၍မက်သည်ဟုသာ ထင်သော်လည်း....ထပ်ခါထပ်ခါမက်တော့ ကျွန်တော် မှတ်မိလာသည်။
ထိုအိပ်မက်မက်ပြီးတိုင်း ကျွန်တော် လန့်လန့်နိုးနိုးရသည်မှာ အမော....ဘယ်နှခါမက်မက် ထိုအိပ်မက်ကြီးထဲမှပုံကို မေ့ပျောက်၍မရခဲ့.......
ထိုမျက်ဝန်း.....အပြာရောင်တောက်တောက်ဖြင့် ညှို့ငင်အားပြင်းလွန်း သော ထိုမျက်ဝန်း.....နှာတံ စင်းဖြင့် မေးချွန်ချွန် လိုက်ဖက်လွန်းသော ထိုနှစ်ခုအကြားတွင်မှ မထူမပါးလွန်းသော ညိုပုပ်ပုပ် နှုတ်ခမ်းတစ်စုံ.......ဇင်ယော်မျက်ခုံးဖြင့် မရှည်လွန်းသော ထိုမျက်တောင်များ.....
လည်တိုင်ဖွေးဖွေးမှ မြင်တွေ့နေရသော ကျောက်စိမ်းသဖွယ် အကြောစိမ်းလေးများ....
ရွှေရောင်သန်းနေသော အသားအရည်.....Six packဖြင့် ဆွဲဆောင်နေသော သူ့ရဲ့bodyအချိုးအစား.....
အရပ်ကကျွန်တော့်ထက်ကို ခေါင်းတစ်လုံးစာ ပိုမြင့်ပေလိမ့်မည်...
သူ......ဟုတ်သည်......သူပါဘဲ......
ဘယ်နေရာရောက်ရောက် ဘယ်လိုအခြေအနေပင်ဖြစ်ဖြစ် ကျွန်တော် မေ့မရနိုင်ခဲ့သည့်သူ.................အကို...........
ဘယ်လိုပင်ကြည့်ကြည့် အကိုပါဘဲ.....သို့သော် မတူသည့်အရာမှာ........သူ၏ဆံနွယ်များပင်.......
ESTÁS LEYENDO
အရိပ်(BL fic) Unicode+zawgyi Code
Novela Juvenil§ရမ်းချေသော သူနဲ့ ဖော်ရွေလွန်းသော သူ...... ဘယ်လိုတွေ့ကြမလဲဆိုတာ....... *သူ့ပါးစပ်ကသာ မချစ်ဘူးလို့ပြောနေပေမဲ့ သူ့မျက်ဝန်းထဲက စကားတွေရဲ့ အဓိပ္ပါယ် ကိုကျွန်တော်နားလည်လိုက်ပါသည်။* သူ သူ့ကိုချစ်နေတာဘဲ
