part 28 unicode

727 27 15
                                        

ကျွန်တော်အပြင်ထွက်ကြည့်လိုက်တော့ လူတွေက ကျွန်တော်ထင်ထားသည့်နေရာတွင်မရှိပါ

ဘာလို့လဲ......

ဘာလို့ ကျွန်တော့်ကားနားမှာဘဲ ဝိုင်းအုံနေကြတာလဲ

ကျွန်တော်ကားအပြင်သို့ထွက်ပြီး ထိုသူတို့ဝိုင်းအုံကြည့်နေသောနေရာကိုကြည့်လိုက်သောအခါ........

'ဟာ.......ဒါ.....ဒါ.....ဘယ်လိုလုပ်ဖြစ်နိုင်မလဲ.....ဒီလောက်ထိဆိုးဝါးသွားတာလားဟ.....'

မြင်မကောင်းလောက်အောင်ကို သွေးအလိမ်းလိမ်း ဖြစ်နေသော ခန္ဓာကိုယ်တစ်ခု.....

ထိုခန္ဓာကိုယ်က ကျွန်တော့်ကားအနီးနားတွင် လဲကျနေပြီး မျက်နှာကတော့ တစ်စောင်းဖြစ်နေသောကြောင့် မမြင်ရပေ

ထိုအချိန်တွင် လူတစ်ယောက်က ဘာရယ်မဟုတ် ထိုလဲကျနေသောသူ၏မျက်နှာကို ဒီဘက်သို့လှည့်လိုက်လေသည်

'ဟမ်......ဟာ......ဒါ.....ဒါ.....ဘယ်သူလဲ.....ငါမဟုတ်ပါဘူး.....ငါကဒီမှာလေ....ဒါဆိုအဲ့ဒါကဘယ်သူလဲ....'

ကျွန်တော်မြင်နေသောမြင်ကွင်းကို တခြားသူများမြင်လျှင် ယုံနိုင်မည်မဟုတ်ပေ.....

ဟုတ်ပါသည် လဲကျနေသည့်သူက ကျွန်တော်ကိုယ်တိုင်ပင်.....

ကျွန်တော်မျက်စိမြင်မှားတာဘဲနေမှာပါ ကျွန်တော်က ဒီမှာလေ ဘယ်လိုလုပ်ပြီးတော့ လဲကျနေတဲ့သူဖြစ်မှာလဲ မဟုတ်ဘူးလား

သို့သော်.....သို့သော်......ကျွန်တော်ထိုနေရာတွင်မတ်တပ်ရပ်နေတုန်း လူတစ်ယောက်က ကျွန်တော့်ကိုဝင်တိုက်သွားသည်

ကျွန်တော် နာလိုက်သည်ဟု ထင်လိုက်သော်လည်း

တကယ်တမ်းကျတော့ ထိုသူ၏အသားက ကျွန်တော့်ခန္ဓာကိုယ်ကို ဖောက်ထွက်သွားသည်

'ဒါ....ဒါဆို ကျွန်တော်က ဝိဉာဉ်ပေါ့ မဖြစ်နိုင်ပါဘူးဟာ....'

စိတ်ထဲတွင်သာ မဖြစ်နိုင်ပါဘူး ဟုတွေးနေသော်လည်း တကယ်ဖြစ်နေမည်ကို ကျွန်တော် အရမ်းကြောက်နေမိသည်

ကျွန်တော်မသေချင်သေးပါ.....

ကျွန်တော့်ဘဝကို ဒီထက်မက အောင်မြင်အောင်ကြိုးစားရအုံးမည်

အရိပ်(BL fic) Unicode+zawgyi CodeWhere stories live. Discover now