ကျွန်တော် ဥယျာဉ်ထဲတွင်အကို့ကို ထိုင်စောင့်နေလိုက်သည်။
'လရိပ်လေး ကြာသွားပြီလား စောင့်ရတာ...'
'ရပါတယ်....အရေးကြီးတဲ့ ကိစ္စရှိလို့ထင်တယ် အကြာကြီးဘဲနော်...'
'အင်း...နည်းနည်းကြာသွားတယ် ဟက်...'
'သိခွင့်ရှိလား...'
'အမ်း....ဒါကတော့ ထားပါ...လရိပ်လေး သိလည်း မထူးပါဘူး...သိပ်စိတ်ထဲမထားပါနဲ့...'
'အဲ့ဒါဆိုလည်း ပြီးရော...'
'အင်း....'
ကျွန်တော် သိချင်နေမိသည်။ သို့သော် နိုင်ငံရေးဆိုလျှင် ကျွန်တော် ဝင်မစွက်ဖက်သင့်ပါ...ထူးခြားသည်က ဘာကြောင့် ရဲရင့်ကိုစုံစမ်းခိုင်းသနည်း။ အကိုကမှတ်မိနေပြီလား...ဒါမှမဟုတ် မသိသေးဘဲနဲ့ ခိုင်းနေသည်လား ရဲရင့်က ဒီလိုမျိုး အရေးကြီးတဲ့ သတင်းတွေကို စုံစမ်းနေရသည့်သူလား.....
ထားပါတော့...မသိမသာ မေးကြည့်ရမည်။
'ကို...'
'အင်း...'
'ဟိုလေ....'
'အင်း ပြောလေ...'
'ဟို...ဟိုဟာမေးမလို့ပါ...'
'မေးလေ ဘယ်ဟာကိုလဲ...'
'ဟိုဟာကို သိလားလို့ မေးမလို့..'
'ဘယ်ဟာလဲ ပြောပါ...ခလေးရဲ့...'
'အဲ့ဒါဘဲ အဲ့ဒါတွေကို မကြိုက်တာ ဘာလဲ ခလေး အကိုနဲ့ ကျွန်တော် နဲ့က အသက် တစ်နှစ်ဘဲကွာတာကို ခလေး ခလေးနဲ့...အဲ့လောက်ခလေး ချစ်နေရင် တခြားခလေးကိုဘဲ ပြောင်းချစ်လိုက်တော့ပါလားး...'
'ဟား....ကိုယ့်ရဲ့ ခလေးခလေး က အဲ့ဒါကို စိတ်ဆိုးနေတာလား...'
'အင့်...အဲ့ဒါတော့မဟုတ်ပါဘူး...'
'မေးစရာရှိရင် မေးတာမဟုတ်ဘူး...ဘာလဲ ကိုယ့်ကို ကြောက်လို့လား...ဟက်...'
'ဟင်...ကြောက်ပါဘူး ဘာကိစ္စကြောင့်ကြောက်ရမှာလဲ....'
'အဲ့ဒါဆို မေးလေ....'
'ဟို စစ်ကျင်လေ...'
'အင်း စစ်ကျင်က ဘာဖြစ်လို့လဲ...'
YOU ARE READING
အရိပ်(BL fic) Unicode+zawgyi Code
Teen Fiction§ရမ်းချေသော သူနဲ့ ဖော်ရွေလွန်းသော သူ...... ဘယ်လိုတွေ့ကြမလဲဆိုတာ....... *သူ့ပါးစပ်ကသာ မချစ်ဘူးလို့ပြောနေပေမဲ့ သူ့မျက်ဝန်းထဲက စကားတွေရဲ့ အဓိပ္ပါယ် ကိုကျွန်တော်နားလည်လိုက်ပါသည်။* သူ သူ့ကိုချစ်နေတာဘဲ
