'ဒါနဲ့ ကိုက အရိပ်လေးကို ဘယ်လိုလုပ်ပြီးပြန်မှတ်မိသွားတာလဲ...'
'အင်း တကယ်တမ်းက ကိုယ်တိုင်းခန်းလှည့်လည်တဲ့ နေ့ကတည်းက ပြန်မှတ်မိနေတာ...'
'လူဆိုးကြီး အဲ့ချိန်တုန်းကဖြင့် အရိပ်လေးကကြောက်လိုက်ရတာ ပြန်မမှတ်မိသေးဘူးဆိုပြီးတော့ ဘုရင်အာဏာနဲ့များ တစ်ခုခုလုပ်လိုက်ရင် အရိပ်ကသေသွားအုံးမယ်...ဟွန့်...'
'ဟက်...လရိပ်လေး ခေါင်းငုံ့ပြီး အသားနာခံနေတုန်းကဆိုလေ ကိုယ်ဖြင့် အူတွေကိုယားလွန်းလို့ နီရဲနေတဲ့ ဟောဒီက ပါးနှစ်ဖက်ကိုလေ ဟောဒီလို ဟောဒီလိုကို ဆွဲညှစ်ပြစ်ချင်စိတ်တွေ တစ်ဖွာဖွာကို ပေါ်နေတာ...'
အကိုက ပါးစပ်ကလည်းပြော လက်ကလည်း ကျွန်တော့်ပါးနှစ်ဖက်ကို ဆွဲညှစ်နေလေသည်။
'ဟာ...နာတယ်လို့...'
'အူယားလိုက်တာနော် ကိုယ့်စိတ်ရှိတိုင်းသာ ဆိုရင်လေ...အဟင်း...'
'ဘာ အဟင်းလဲ....တော်ပြီ... သွားကြစို့ ဗိုက်ဆာနေပြီ...'
'ဟက်...ဟုတ်ပါပြီကွာ....'
ကျွန်တော်တို့ စကားပြောလာသည့်အချိန်က ထိုမျှလောက်ထိကို ကြာသွားပြီဖြစ်သည်။နေ့လည်စာစားချိန်ကျော်သွားလောက်ပြီထင်မိ၏။
'ဒီမှာဘဲစားချင်လား အဆောင်မှာဘဲစားချင်လား...'
'ဒီမှာ စားလို့ရတာလား...'
'ဟက်...မစားချင်ဘူးလား...'
'ဟီးဟီး...ဒီမှာဘဲစားရအောင်....ဒီမှာဘဲစားရအောင်လို့...နော်...ကို...'
'ဟုတ်ပါပြီကွာ...'
'ယွဲ့ကုန်းကုန်း...စားစရာတွေကို ဒီကိုဘဲယူလာပေးပါ....'
'အမိန့်တော်မြတ်အတိုင်းပါ အရှင်မင်းကြီး....'
'ကို...အရိပ်ကမနေ့တနေ့ကမှ နန်းတော်ထဲရောက်လာတာကို ကိုကဒီလိုကြီး အရမ်းကြင်နာပြီးတော့ အရိပ်နားမှာဘဲနေရင် တခြားသူတွေက တစ်မျိုးထင်ကုန်ရင် ဘယ်လိုလုပ်မလဲဟင်...'
'သူတို့ဘာသာ ထင်ချင်တာထင်ပလေ့စေပေါ့....'
'မဟုတ်ပါဘူး မကြိုက်ကြမှာစိုးလို့ပါ...'
ESTÁS LEYENDO
အရိပ်(BL fic) Unicode+zawgyi Code
Novela Juvenil§ရမ်းချေသော သူနဲ့ ဖော်ရွေလွန်းသော သူ...... ဘယ်လိုတွေ့ကြမလဲဆိုတာ....... *သူ့ပါးစပ်ကသာ မချစ်ဘူးလို့ပြောနေပေမဲ့ သူ့မျက်ဝန်းထဲက စကားတွေရဲ့ အဓိပ္ပါယ် ကိုကျွန်တော်နားလည်လိုက်ပါသည်။* သူ သူ့ကိုချစ်နေတာဘဲ
