part 7

1.1K 83 3
                                        

သူရေချိုးပြီးတာကိုစောင့်ရင်း ကျွန်တော် သူဖွင့်ပေးခဲ့တဲ့tvကိုကျိနေလိုက်သည်

ထိုချိန်ရေချိုးခန်းထဲမှ ထွက်လာသောသူ

တဘတ်တစ်ခုကို ခါးအောက်ပိုင်းတွင်ပတ်ထားလျှက် ကျန်တဘတ်ဖြင့် ခေါင်းသုတ်နေရင်း အဝတ်ဗီရိုထဲမှ အဝတ်များထုတ်နေလေသည်

ဖြူ ဖွေးလွန်းသောအသားအရည် ပြားကပ်နေသော ဗိုက်ကလေး အနာအဆာလုံးဝမရှိသော ခန္ဓာကိုယ် ဖြူဖွေးပြီး အမွှေးအမျှင်လုံးဝမရှိသော ခြေသလုံး

တစ်ကိုယ်လုံးထိရက်စရာပင်မရှိသော နူးညံ့လွန်းသောbody မင်းဇေသူ့ကိုကြည့်နေတာ သိသော လရိပ်က

'ဘာလဲ ငါ့bodyမိုက်လို့လား...?'

'ဘယ်နားမိုက်လို့လဲ ဘာအဖုအထစ်မှမရှိတဲ့မင်းလိုbodyက မိန်းခလေးသာသာဘဲ...ဟက်...'

'ဘာ...မင်းစကားကြည့်ပြောနော်....မင်းရောက်နေတာငါ့အိမ် ငါ့အခန်း...မင်းအိမ်မဟုတ်သလို ကျောင်းမှာလဲမဟုတ်ဘူး....ငါနှင်ထုတ်ရင်မင်းသွားရမှာ....'

'ဟာ...ကိုယ်တော်ချောရယ်စိတ်လျှော့ပါ...ပြောပါအုံး...မင်းနဲ့ဟိုကောင်နဲ့ကဘယ်ခြေနေရောက်ပြီလဲ...'

'ဘယ်ကောင်လဲ.....awwရဲရင့်ကိုပြောနေတာလား'

'အင်း..ဟုတ်တယ်ထင်တယ်....မင်းတို့တွဲတာကြာပြီလား...?'

လရိပ်တစ်ယောက် စနောက်ချင်သောစိတ်ဖြင့် ပြီးတော့ သူဘယ်လိုတုံ့ပြန်မလဲသိချင်သောကြောင့်

'သူနဲ့လား...အင်း...9တန်းကတဲက စတွဲတာဘဲ....3နှစ်လောက်ရှိပြီပေါ့...ဘာလဲအားကျလို့လား....'

'ဘာ...ဘယ်လို....အဟမ်း...ဟမ်း...ဘာမှဖြစ်ပါဘူး ဒီလိုဘဲမေးကြည့်လိုက်တာ....မင်းတို့ကဘယ်အဆင့်ရောက်နေပြီလဲ....?'

'ငါတို့လား...အင်း...ဘာဆိုင်လို့ပြောပြရမှာ kingဖြစ်ပြီးစပ်စုလိုက်တာ...ဟွန်း..သူများအတွင်းရေးကို...'

'မင်းနဲ့ငါကသူငယ်ချင်းဖြစ်သွားပြီမဟုတ်ဘူးလား အဲ့ဒါကြောင့်မေးကြည့်တာပါကွာ...'

'ဘာ..သူငယ်ချင်း..ဟုတ်လား...ဘယ်သူကဖြစ်ခွင့်ပေးလို့လဲ...'

'ငါမင်းကိုအိမ်လဲလိုက်ပို့ပေးပြီးပြီလေ...ခုတောင်မင်းအခန်းထဲမှာ ထိုင်နေတာမဟုတ်ဘူးလား...အဲ့ဒါသူငယ်ချင်းဖြစ်လို့မဟုတ်ဘူးလား'

အရိပ်(BL fic) Unicode+zawgyi CodeWhere stories live. Discover now