part 9

1K 56 0
                                        

နောက်တစ်နေ့မနက်ခင်းကို စိတ်ရှုပ်ခြင်းများစွာဖြင့် စတင်လိုက်သည်

မနက်ထပြီး ရေချိုးခန်းထဲဝင်တော့ တံခါးစောင်းနဲ့ခြေထောက်နဲ့ တိုက်မိတယ်

'အ့....အား....နာလိုက်တာဟာ...'

ရေချိုးတော့လဲ ရေပူကမရ ရေအေးနှင့်သာ ချိုးခဲ့ရသည်

'အမလေး...အေးစက်နေတာဘဲရေက'

သွားတိုက်ဆေးကလည်း ဒီနေ့ရောက်မှကုန်နေတယ်

'ဟာ သွားပြီ....'

မေမေ့ကိုဘဲလှမ်းခေါ်ပြီး ယူလာခိုင်းလိုက်ရသည်

ရေချိုးပြီး အကျႌရှာတော့လဲ ကိုယ်ဝတ်ချင်တဲ့အကျႌကိုမတွေ့

'ဟို အကျႌအမည်းလေး ဘယ်ရောက်နေလဲမသိဘူး....ဘောင်းဘီကလဲ မတွေ့ပြန်ဘူး ဟိုတနေ့ကမှဝယ်ထားတာကိုကွာ...'

*ဒီနေ့က ငါ့အတွက် ပြသဒါးပါလား သွားပြီ...ဟိုနှစ်ယောက်နဲ့ဘယ်လိုတွေ့ရမလဲ မသိဘူး....မနက်တဲက ကံကဆက်တိုက်ကောင်းနေတာဆိုတော့...ဟင်း....ငါမတွေ့တော့ရင်ကောင်းမလား....ဒါလဲမဖြစ်သေးပါဘူး....ငါသတ္တိကြောင်သလိုဖြစ်သွားမှာပေါ့......ဟာကွာ.....fuxking day....အား...'

လရိပ်တစ်ယောက် ဟိုနှစ်ယောက် နဲ့ ချိန်းရန်အတွက် ပြင်ဆင်လိုက် ညည်းညူ လိုက်နဲ့ စိတ်ရှုပ်နေလေသည်

နေ့လည်ရောက်တော့ အချေkingလာခေါ်မည့်အချိန်ကို စောင့်နေလိုက်သည်

သူနဲ့အတူတူ ရဲရင့်နှင့် ချိန်းထားသော coffee shopသို့သွားရန်ဖြစ်သည်

'တီတီ....တီတီ....'

'မေမေရေ..သားသွားတော့မယ် အချေkingကြီး....အယ်ဟုတ်ပါဘူး....မနေ့ကအကို..လာကြိုပြီမို့....'

'သားဖြေးဖြေးသွားနော်....'

'Oki..mom....bye'

'မင်းကလဲစောင့်ရတာ ကြာလာပြီ...'

'မစောင့်ချင်ရင် ဘာလို့လာခေါ်နေသေးလဲ..'

'ငါမှားပါတယ် မောင်မင်းကြီးသားရေ...'

ထိုသို့နှင့် coffee shopသို့ ထွက်လာခဲ့လိုက်သည်။

ဆိုင်သို့ရောက်သည်နှင့် ကားပေါ်မှဆင်းကာ ဆိုင်ထဲသို့ဝင်လိုက်သည်နှင့် ကျွန်တော်ထိုင်နေကြဖြစ်သော ဒေါင့်စွန်းခုံလေတွင် နေရာယူထားသော ရဲရင့်ကိုတွေ့လိုက်လေသည်။

အရိပ်(BL fic) Unicode+zawgyi CodeTahanan ng mga kuwento. Tumuklas ngayon