part 14

850 57 15
                                        

မင်းဇေ မွှေးကို လရိပ်တို့ရှေ့မှာတင် ဖြတ်ခဲ့လိုက်ပြီး ဘာစကားမှမပြောတော့ဘဲ အိမ်သို့ သာပြန်လာခဲ့လိုက်သည်။

မင်းဇေသည်လည်း ရဲရင့်ကဲ့သို့ပေ အိမ်အကြီးကြီးတွင် သူတစ်ယောက်တည်းသာနေပေသည်။

အိမ်အကူများကရှိသော်လည်း ညနေဆိုပြန်ကြပြီး ခြံစောင့်တစ်ယောက်ထဲသာ သူ့အိမ်တွင်အမြဲနေသည်။

မင်းဇေ ဘာကိုစိတ်ညစ်လို့စိတ်ညစ်နေမှန်းမသိ.....

'မွှေးနဲ့ပြတ်သွားလို့လား....မဟုတ်ဘူး....
ဒါဆို လရိပ်ကိုရဲရင့်က ဖွင့်ပြောလို့လား....မဟုတ်သေးဘူး....လရိပ်ကအဖြေမှပြန်မပေးသေးတာ ငါလဲလိုက်လို့ရသေးတာဘဲ......ဘယ်လိုဘဲဖြစ်ဖြစ် မွှေးရန်ကနေတော့လွတ်ပြီ လွတ်လွတ်ကျ
လရိပ်ကိုလိုက်လို့ရပြီ......'

မင်းဇေ သူ့အိမ်သို့ပြန်လာတဲ့လမ်းမှာ အတွေးနယ်ချဲ့နေခြင်းဖြစ်သည်။

*လရိပ်ရယ် ကိုယ့်ကိုခနဘဲစောင့်ပါ အဖြေပြန်မပေးလိုက်ပါနဲ့အုံး ကိုယ်မင်းကို ရအောင်လိုက်မှာပါ......လရိပ်....'

.........

ဒီတစ်ညကတော့ ညတာရှည်ပေလိမ့်မည်။

အတွေးပေါင်းစုံကခေါင်းထဲတွင် ဝင်နှောင့်ယှက်နေသောကြောင့် တော်ရုံအိပ်မပျော်နိုင်ပေ။

'ဟူး.....ငါရဲရင့်ပေါ် ဘာစိတ်မှ မရှိဘူးဟာ...ငါသူ့အပေါ်မှာသူငယ်ချင်းထက် ပိုတဲ့ ခံစားချက်မရှိဘူး....'

အတွေးစများကိုရပ်ပစ်ပြီး မျက်လုံးကို စုံမှိတ်ကာ အိပ်စက်ခြင်းဆီသို့......

.........

'တီ....တီ....တီ....'

'ရဲရင့်...စောလှချည်လား...လာအိမ်ထဲဝင်ခဲ့ ခနထိုင်အုံးနော်....'

ရဲရင့်တစ်ယောက် လရိပ်ကို ကြောင်ကြည့်ကာသူထိုင်ခိုင်းသည့်နေရာတွင်ထိုင်လိုက်ပြီး 'ဟမ်...လရိပ်နောက်နေတာတော့မဟုတ်ပါဘူးနော် သူကငါ့ကိုစိတ်မဆိုးတဲ့အပြင် အရင်လိုဘဲဆက်ဆံတုန်းပါလား...ဘာဘဲဖြစ်ဖြစ် ဒီလိုလေးဘဲဆက်ခင်နေပေးတာ ကျေးဇူးတင်ပါတယ် လရိပ်ရာ....'ဟူ၍ ပြောနေသော မျက်လုံးတို့က မျက်နှာ ပေါ်တွင်အထင်းသား......

အရိပ်(BL fic) Unicode+zawgyi CodeWhere stories live. Discover now