part 30zawgyi code

364 25 3
                                        

နွေးထွေးသော နေရောင်ခြည်နှင့်အတူရေစက်တစ်ချို့ မျက်နှာပေါ်တွင် လာစင်သောကြောင့် ကျွန်တော် လန့်နိုးသွားခဲ့ရသည်::

'အာ....ဘာတွေလဲဟ....'

ကျွန်တော် မျက်လုံးဖွင့်ကြည့်လိုက်တော့

'ရှန်ဝေ့ ထတော့ဟ....မင်းမှာလဲ ဘာအလုပ်မှ မယ်မယ်ရရရှိတာမဟုတ် အလုပ်လေးဘာလေး လုပ်အုံးဟ'

'.....'

'ဟာ....ရှောင်ရှန်ဝေ့ နိုးနေရင်လည်း ပြန်ထူးအုံးဟ'

'မင်းက ဘယ်သူလဲ'

'ဟာ မောင်မင်းကြီးသား နောက်မယ်ဆိုလဲ တော်ရုံနောက် မင်းအိမ်ပေါ်က ဆင်းလာကတည်းက ငါတင်ကျွေးထားတာ မင်းကျေးဇူးရှင်ကျန်းလော့ပိုင်ကို မစော်ကားနဲ့'

'ကျန်းလော့ပိုင်....မင်းက လော့ပိုင်ပေါ့'

'ရှန်ဝေ့ မင်းဘာအရူးကွက်တွေနင်းနေတာလဲ....ထမှာဖြင့်ထတော့ ငါတို့ ဆိုင်သွားဖွင့်ရအုံးမယ်'

'....'

ကျွန်တော် အတွက် အရာအားလုံးက ထူးဆန်းနေပေတော့သည်

အိပ်နေတဲ့နေရာကအစ သွားသမျှနေရာတွေအားလုံး

'ရှန်ဝေ့ပြီးပြီလား... သွားမယ်'

'ဟုတ်ကဲ့'

ကျွန်တော် ကျွန်တော်ရဲ့ ကျေးဇူးရှင်ဆိုသူ လော့ပိုင်၏နောက်သို့ ထပ်ကြပ်မကွာလိုက်သွားရင်း မြင်းလှည်း တစ်စီးပေါ်သို့တက်ကာ

'ရှန်ဝေ့ မင်းဘာဖြစ်နေတာလဲ မင်း ဆေးမှားသောက်မိတာလား '

'ကျွန်တော်ဘာမှမဖြစ်ပါဘူး အကိုလော့ပိုင်ရ'

'ဘာ....ဘယ်လို.....ခွီး.....အကိုလော့ပိုင် ဟုတ်လား.....ခွီး......ဟား.....ဟား.'

'ကျွန်တော်ပြောတာ ဘာမှားသွားလို့လဲ'

'မင်းကသာ ဘာမှမဖြစ်ဘူးပြောနေတာ မင်းအရင်ကနဲ့လုံးဝမတူတော့တာတော့ သေချာတယ်'

'ဟုတ်....ဟုတ်ကဲ့'

'ခုနကမင်းငါ့ကို ဘယ်လိုခေါ်လိုက်တာ'

'အော်....အကို....လော့ပိုင်....လို့ခေါ်လိုက်တာလေ ပြဿနာရှိလို့လား'

အရိပ်(BL fic) Unicode+zawgyi CodeWhere stories live. Discover now