ဒီနေ့ ကျွန်တော့်ကို အချစ်တော် တင်မြှောက်ပွဲလေ...
ကြားရရင်ရီချင်စရာကြီးနော် ယောကျာ်းလေးတစ်ယောက်က ယောကျာ်းလေးတစ်ယောက်ရဲ့ ယောကျာ်းဖြစ်ရသည်ဆိုတာကို...
ကျွန်တော့်အတွက်၀တ်စုံက တော်တော်လေးကို ကောင်းလွန်းနေသည်ဟု ထင်မိသည်
ပိုးဖြင့်ရက်ထားသော အနီရင့်ရောင်၀တ်စုံကိုမှ အောက်ခံ အမည်းရောင်နှင့် တွဲဖက်ပေးထားသည်။
တရုတ်နန်းတွင်းဇာတ်ကားများထဲကလိုပင် ဂါ၀န်လိုအရှည်ကိုမှအလယ်တွင် ခါးစည်းဖြင့် ပတ်ချည်ထားသည်။
ကျွန်တော့်၏ ခါးလယ်ရောက်နေပြီဖြစ်သော ဆံနွယ်များကို တစ်ချို့တစ်၀က်ကိုထုံးလိုက်စေပြီး ကျန်တစ်၀က်ကိုချထားစေသည်။
ကျောက်အနီရောင်များဖြင့် စီခြယ်ထားသော ပန်းပွင့်ပုံ ဆံထုံးတစ်ခုကို ကျွန်တော့်ခေါင်းပေါ်ရှိ ဆံထုံးပေါ်တွင် တင်လိုက်စေသည်။
အရောင်မလိုသော နှုတ်ခမ်းနီရဲရဲလေးကို အမေမွေးပေးထားသလိုမျိုးပင် သဘာ၀အတိုင်းလေးသာ ရှိစေလိုက်သည်။
မျက်နှာပေါ်ရှိ မည့်သည့်အရာကိုမှ မပြင်ဆင် မခြယ်သ ဒီအတိုင်းဘဲ...ရိုးရင်ဆန်းတယ် ဆိုသလိုမျိုးပင်...ပြီးတော့ ကျွန်တော်က ယောက်ျားလေးတစ်ယောက်ဆိုတော့ ထိုပြင်ဆင်မှုများကိုလည်း စိတ်မ၀င်စားသောကြောင့် မပြင်ဆင်ခြင်းပင်ဖြစ်သည်။
လီမိဖုရား ကိစ္စကို အကို ဘယ်လိုရှင်းမည်ဆိုတာ ကျွန်တော်မသိပါ...သို့သော် ဤကဲ့သို့ ပျော်စရာကောင်းသောနေ့တွင် ထိုအကြောင်းအရာအားလုံးကို ခေါင်းထဲမှ ထုတ်ထားသင့်သည်ဟု ကျွန်တော်ထင်မိသည်...တကယ်လည်း ထုတ်ထားသင့်ပါသည်။
ရံရွေတော်တစ်ချို့က အဆောင်ထဲသို့ ထပ်၀င်လာပြီး ကျွန်တော့်ကို လာခေါ်ကြသည်။
လှေကားအထစ်ပေါင်းများစွာကို ကျော်ဖြတ်ခဲ့ပြီးနောက် သူစောင့်နေသော နေရာသို့ ကျွန်တော် အပူပင်ကင်းမဲ့စွာရောက်သွားသည်။
တကယ်ပါဗျာ...ဒီနေ့ရောက်မှအကိုက ခါတိုင်းထက်ပိုပြီး ကြည့်၍ကောင်း နေသနည်း။ဘုရင်တစ်ပါးဟုပြောစရာ မလိုလောက်အောင်ပင် ခန့်ညားလွန်းလှသည်။ အများရှေ့တွင် တည်ကြည်သော မျက်နှာထားနှင့် ကျွန်တော့်ရှေ့တွင်တော့ တည်ကြည်မှုများ လေးနက်မှုများ အားလုံးပျောက်ကုန်၏။
BINABASA MO ANG
အရိပ်(BL fic) Unicode+zawgyi Code
Teen Fiction§ရမ်းချေသော သူနဲ့ ဖော်ရွေလွန်းသော သူ...... ဘယ်လိုတွေ့ကြမလဲဆိုတာ....... *သူ့ပါးစပ်ကသာ မချစ်ဘူးလို့ပြောနေပေမဲ့ သူ့မျက်ဝန်းထဲက စကားတွေရဲ့ အဓိပ္ပါယ် ကိုကျွန်တော်နားလည်လိုက်ပါသည်။* သူ သူ့ကိုချစ်နေတာဘဲ
