part 20

619 38 9
                                        

ကျွန်တော် ရဲရင့် အခန်းထဲကထွက်လာပြီး မင်းဇေဆီသို့ လာခဲ့လိုက်သည်။

'အရေးပေါ်.....အရေးပေါ်......'

'ဟမ်....ဘယ်လူနာအရေးပေါ် ဖြစ်တာလဲမသိဘူး....'

Doctor များပြေးလွှားသွားနေသော နေရာသည် ကျွန်တော် မင်းဇေဆီသို့ လာသောလမ်းနှင့် လမ်းသင့်နေသဖြင့် အတူတူလာနေသလို ဖြစ်နေတော့သည်။

'ဟင်............'

'Heart failure ဖြစ်တာထင်တယ်...'

'မြန်မြန်လာကြ....'

'ဟင်.....အ.....အကို.....'

ကျွန်တော် အခန်းထောင့်မှာ ရပ်ကြည့်နေရင်း ဘာလုပ်ရမှန်းမသိတာနဲ့ မတ်တပ်ရပ်ကြည့်နေလိုက်သည်။

သို့သော် သူ့အလုပ်သူလုပ်နေသူက မျက်ဝန်းထောင့်ရှိ မျက်ရည်စများပင်......

ဘာလို့လဲ.....အကို ဘာမှမဖြစ်လောက်ပါဘူးလေ.....heart failure ဖြစ်တာပါဘဲ
ပြန်ကောင်းသွားမှာပါလေ.......

သို့သော်.......

'Tin................................'

'ဟင့်.....အီး......ဟင့်....ဟင့်.....အဲ့လိုမဖြစ်ရဘူးလေ.....အကိုပြန်ထပါအုး.....'

ကျွန်တော် မင်းဇေနားကိုပြေးသွားလိုက်ပြီး ကိုင်လှုပ်နှိုးနေလိုက်သည်။

'အကိုရယ်...မစပါနဲ့တော့.......ကျွန်တော့်ကို ထကြည့်ပါအုး...ဟင့်......'

'စိတ်မကောင်းပါဘူး လူနာ မင်းဇေ ဆုံးသွားပါပြီ....'

'Doctor...မလိမ်ပါနဲ့ ဒီမှာကြည့်အုံး မင်းဇေရဲ့မျက်လုံးထောင့်နားမှာ မျက်ရည်စလေးတွေ....မတွေ့ဘူးလား......'

'လူနာက စိတ်ထိခိုက်စရာတစ်ခုခု ကြုံခဲ့လို့ထင်တယ် ရုတ်တရက် နှလုံးခုန်ရပ်ရင်း ဆုံးပါးသွားတာပါ'

'စိတ်မကောင်းပါဘူး.....'

ကျွန်တော် ငိုနေရုံကလွဲပြီး မတတ်နိုင်တော့ပေ....မင်းဇေရဲ့ခုတင်ခြေရင်းမှာ ဒူးထောက်ချလိုက်ရင်း မျက်ရည်ဥများက အဆက်မပြတ် ပါးပြင်ပေါ်တွင် ကျဆင်းနေတော့သည်။

'ဒါ......နင့်ကြောင့်ဖြစ်တာ......'

ကျွန်တော် မွှေးဖြူစင်ကို ပြန်ရန်မတွေ့နိုင်တော့ချေ ကျွန်တော့်ရဲ့ အားအင်တွေအကုန် ကုန်ခန်းသွားသလိုဘဲ ကျွန်တော် စိတ်မဝင်စားတဲ့လူတစ်ယောက်အတွက်ကြောင့် ဘာလို့ ဒီလောက်ထိခံစားနေရတာလဲ.....ဒါ....ဒါမဖြစ်နိုင်ဘူး.................

ကျွန်တော်လဲ အကို့ကို........ချစ်ပါတယ်

........

မင်းဇေရဲ့အသုဘကို အကောင်းဆုံးဖြစ်အောင် ကျင်းပပေးပြီးတော့ ကျွန်တော်တို့အားလုံးရဲ့ လုပ်ရိုးလုပ်စဉ်အတိုင်းပင် ကျောင်းဆက်တက်ခဲ့ကြသည်။

UFL king ဆုံးပါးသွားမှုနှင့်ပတ်သက်၍ ကျွန်တော်တို့ မန္တလာကောလိပ်ကြီး အတန်ငယ် လှုပ်ခတ်သွားသည် တစ်ချို့ကလည်း မင်းဇေအသုံးမကျလို့ပေါ့ တစ်ချို့ကလည်း မွှေးကြောင့်လို့ထင်တယ်.....သို့သော် အများစုကတော့ ကျွန်တော့်ကြောင့်လို့ ထင်တယ်

ဘာကြောင့်လဲ ကျွန်တော်ကသာ မသိခဲ့တာ မင်းဇေ ကျွန်တော့်ကို စိတ်ဝင်စားနေမှန်း တစ်ကျောင်းလုံးနီးပါးသိသည်။

ကျွန်တော် အရမ်း အ တာဘဲနော်

သူလိုက်နေတာကို ကျွန်တော်က ငြင်းလိုက်လို့  ကိုယ့်ကိုယ်ကို အဆုံးစီရင်သော်လညး် ကံကောင်း၍ အသက်ရှင်ခဲ့သည်

သို့သော် ဆေးရုံမှာ ထပ်မံ၍ ကျွန်တော့် ကောင်းမှုေ့ကြာင့် မင်းဇေအသက်ဆုံးရှုံးခဲ့ရခြင်းဖြစ်သည် ဟုသာ အများစုက ကျွန်တော့်ကိုသာ အပြစ်မြင်ကြသည်

ဟုတ်သည် ထိုနေ့ကသာ ကျွန်တော်....ကျွန်တော် ရဲရင့်ကိုသာ မနမ်း ခဲ့ဘူးဆိုရင် ဒီနေ့ထိ ဒီလိုကိစ္စတွေဖြစ်လာမှာ မဟုတ်ပေ။

ဟာကွာ.....ဒီမျက်ရည်တွေကလည်းကွာ ကျလာပြန်ပြီ။

'အရိပ်လေး.....နေကောင်းရဲ့လား'

ကျွန်တော် မော့ကြည့်လိုက်တော့ ကျွန်တော့်ကို ညှိုးနွမ်းနေသော မျက်နှာဖြင့် ပြုံးပြနေသော ရဲရင့်

'ငါ...ငါနေကောင်းပါတယ်ကွာ'

......................................................

Noxတကယ်မအားလို့ပါနော် စိတ်ဆိုးနဲ့

ခုတောင် နာရီဝက်အချိန်ရလို့ မြန်မြန်ရေးပေးလိုက်တာ.....

ချစ်တယ်နော်......

ဇာတ်လမ်းက ကြာအုးမာ သိလား ဇာတ်မသိမ်းသေးဘူးနော်..........

Thank u
Love u all my readers♡ ♡ ♡

အရိပ်(BL fic) Unicode+zawgyi CodeDonde viven las historias. Descúbrelo ahora