'တောက်....တောက်.....တောက်...'
အိပ်ပျော်ခံနီးဖြစ်နေသောကြောင့် တိုးညှင်းလွန်းသောအသံကို ရုတ်တရက်ဆိုသော်လည်း ကြားလိုက်သည်။
'ဘယ်သူလဲ...'
'ငါပါ...ထွက်ခဲ့အုံး..'
ကျွန်တော် ထင်ပါသည်။စစ်ကျင်မှလွဲ၍မည်သူဖြစ်နိုင်အုံးမည်နည်း။
ကျွန်တော် အဆောင်ထဲ မှထွက်၍ အသံကြားရာနေရာသို့သွားလိုက်သည်။
ကြာကန်ရှေ့ကိုပင်.....
'ပြစမ်း ဒဏ်ရာတွေကို...အရမ်းနာနေလား....ငါလဲ သတင်းကြားကြားချင်းဘဲ ချက်ချင်းမြို့ထဲက ထွက်လာတာ...'
'သတင်းပျံ့နှုန်းက အဲ့လောက်ထိမြန်တယ်နော်...'
'အွန်း...ဒီဘက်ခနလှည့်အုံး ဆေးထည့်အုံးမယ်...'
စစ်ကျင်ကပြောလဲပြော သူ့လက်တစ်ဘက်နှင့်လည်း ကျွန်တော့်၏ဘယ်ဘက်ပါးပြင်ကိုကိုင်ကာ သူ့ဘက်သို့လှည့်လိုက်လေသည်။ ကျွန်တော်ထင်ပါသည်။ပါးပြင်ပေါ်ကလက်ဖဝါးအရာက ခုချိန်ထိပျောက်အုံးမည် မဟုတ်ဘူး ဆိုတာကို...
ပေါက်နေပြီးဖြစ်သော ကျွန်တော့်၏အပေါ်နှုတ်ခမ်းကို စစ်ကျင်က သူ၏လက်ခလယ်လက်လေးဖြင့် ဖြေးညှင်းစွာ ဆေးလိမ်းပေးလေသည်။
'စစ်ကျင် ဟိုတစ်နေ့က ကျွန်တော့်ရဲ့ အမေးကို မဖြေပေးသေးဘူးနော်...'
'ဘာအမေးလဲ ရှန်ဝေ့ရ...'
'ခင်ဗျားက ဘယ်သူလဲဆိုတာကို....'
'ထားလိုက်ပါတော့...'
'မထားနိုင်ပါဘူး ပြောပြပါ ခင်ဗျားကဘယ်သူလဲ...'
'......'
'ရဲ....ရဲရင့်လား...'
သူ ကျွန်တော့်ရဲ့စကားကို ခွန်းတုံ့မပြန်ဘဲ ကျွန်တော့်ကိုသာ သူ့၏မျက်လုံးပြာပြာများဖြင့် စိုက်ကြည့် နေလေသည်။ ခနတာကြာသောအခါမှသာ အကြည့်ချင်းကို လွှဲလိုက်ပြီး ဆေးဆက်ထည့်ပေးနေတော့သည်။
'နာသေးလား...မနက်ဖြန်လောက်ဆို ပျောက်ပါပြီ...'
'ရဲရင့်....'
'ပြန်တော့လေ ညနက်နေပြီ....အေးလဲအေးတယ်..'
'မင်းတကယ် ရဲရင့်လား...'
YOU ARE READING
အရိပ်(BL fic) Unicode+zawgyi Code
Teen Fiction§ရမ်းချေသော သူနဲ့ ဖော်ရွေလွန်းသော သူ...... ဘယ်လိုတွေ့ကြမလဲဆိုတာ....... *သူ့ပါးစပ်ကသာ မချစ်ဘူးလို့ပြောနေပေမဲ့ သူ့မျက်ဝန်းထဲက စကားတွေရဲ့ အဓိပ္ပါယ် ကိုကျွန်တော်နားလည်လိုက်ပါသည်။* သူ သူ့ကိုချစ်နေတာဘဲ
