'နေစမ်းပါအုံး...ခင်ဗျားက လော့ပိုင်ရဲ့အစ်ကိုလား...'
'ဟုတ်တယ်..'
'ဒါကတော့ ခင်ဗျားလိမ်နေတာဘဲ လော့ပိုင်က တစ်ကောင်ကြွက် ညီအစ်ကို ဆွေမျိုးသားချင်းတွေမရှိဘူး'
'ဘယ်လို ဒီကောင်က မင်းကို အဲ့လိုပြောထားတာပေါ့ ဟုတ်လား..'
'မဟုတ်လို့လား ငါ့ကို သူတို့ဘဲအိမ်ပေါ်က နှင်ချခဲ့တာလေ အဲ့တော့ .....'
'ခွပ်....မင်းရဲ့ ောက်ပါးစပ်ကိုပိတ်ပြီး ငါနဲ့အိမ်ပြန်လိုက်ခဲ့တော့'
'ဟက်....ငါကပြန်လိုက်မယ်ထင်လို့လား'
'တော်ကြပါတော့ဗျာ...ခင်ဗျားကလည်း ဘာလို့ခုမှလာခေါ်ရတာလဲ ခုလော့ပိုင်ကလည်းနေသားကြနေပါပြီ'
'အော်...မင်းလို ဘာမဆိုင်ညာမဆိုင်ကောင်က ငါတို့မိသားစုကြားထဲဝင်ရှုပ်ချင်တာလား..'
'ကျွန်တော့်ကို အဲ့လိုမပြောပါနဲ့ ကျွန်တော်ကလည်း ဝင်ရှုပ်ချင်တာမဟုတ်ဘူး လော့ပိုင်နဲ့နေတာကြာပြီဆိုတော့ ဒီလိုဘဲပြောထွက်သွားတာပါ'
'မင်း ပြန်ဖို့သင့်ပြီ...'
'မပြန်ဘူး မင်းငါနဲ့ပြန်မလိုက်မချင်းငါမပြန်ဘူး...'
'ဟာကွာ မင်း နေနေတာငါအိမ်နော်..ငါနှင်ထုတ်ရင် မင်းထွက်သွားရမှာဘဲ'
'မင်းက ငါ့ကိုနှင်ထုတ်မလို့...ဟား..ဟား....နှင်ထုတ်ကြည့်လေ...ခုလူများအမြင်မှာ ငါကကျန်းသခင်လေး မင်းကတော့ သာမာန်ဆိုင်ပိုင်ရှင်လေးပေါ့...မင်းတကယ်နှင်ထုတ်ရဲလို့လား...'
'ဟာကွာ ပြီးရော...ပြီးရော ငါခနဘဲပြန်လိုက်နိုင်မယ်...'
'ဒီလိုဘဲဖြစ်ရမယ်လေ'
'အားဝေ့ ငါမရှိတဲ့အချိန် ဆိုင်ပိတ်ထားလိုက် မဖွင့်နဲ့နော် မင်းပင်ပန်းနေမှာစိုးလို့ ပိုက်ဆံကတော့ ငါ့အခန်းထဲကဗီရိုထဲမှာရှိတယ် ယူသုံးထားလိုက်...ငါပြန်လာခဲ့မယ်...'
'အားပိုင် ဆိုင်ဖွင့်လို့မရဘူးလား ဘာမှလုပ်စရာမရှိရင် ကျွန်တော်ပျင်းနေရမှာစိုးလို့...'
'မင်းသဘောပါဘဲဗျာ'
'အားပိုင် တကယ်ပြန်လာခဲ့နော် ကျွန်တော်မျှော်နေမယ်..'
ESTÁS LEYENDO
အရိပ်(BL fic) Unicode+zawgyi Code
Novela Juvenil§ရမ်းချေသော သူနဲ့ ဖော်ရွေလွန်းသော သူ...... ဘယ်လိုတွေ့ကြမလဲဆိုတာ....... *သူ့ပါးစပ်ကသာ မချစ်ဘူးလို့ပြောနေပေမဲ့ သူ့မျက်ဝန်းထဲက စကားတွေရဲ့ အဓိပ္ပါယ် ကိုကျွန်တော်နားလည်လိုက်ပါသည်။* သူ သူ့ကိုချစ်နေတာဘဲ
