part 18

654 40 17
                                        

ကျွန်တော်နဲ့ ရဲရင့်ဆေးရုံရောက်တော့ ကောင်တာကိုအမြန်ပြေးသွားပြီး

'ဟိုလေ မီးပွိုင့်မှာတိုက်တယ်ဆိုတဲ့ ကောင်လေးလေ နာမည်ကမင်းဇေ သူဘယ်အခန်းမှာလဲမသိဘူး'

'awwလူနာမင်းဇေက ခုထိခွဲစိတ်ခန်းဝင်တုန်းပါ....'

ကျွန်တော်တို့ ခွဲစိတ်ခန်းရှိရာသို့ အမြန်လာရင်း ခွဲစိတ်ခန်းရှေ့တွင်အသင့်စောင့်နေသော မွှေးဖြူစင်နှင့် သူ့သူငယ်ချင်းအချို့ကို တွေ့လိုက်ရသည်။

ထို့အတူ မင်းဇေ၏သူူငယ်ချင်းအောင်ပိုင်ကိုလဲတွေ့လိုက်သည်......

အောင်ပိုင်နှင့်သိသည်ကတခြားမဟုတ် ရဲရင့်နှင့်အောင်ပိုင်က ခင်ကြသောကြောင့် ကျွန်တော်နှင့်ပါ ခင်ကြခြင်းဖြစ်သည်.....

'နင်ဘာလာလုပ်ပြန်တာလဲ ဘာလဲ မင်းဇေကို သေစေချင်လို့ ထပ်လာတာလား မင်းဇေ....မင်းဇေ....ခုလိုဖြစ်ရတာ မင်းကြောင့်ဘဲ.....'

မွှေးဖြူစင်က အကြောင်းမရှိ ကျွန်တော့်ကို လက်ညှိုးငေါက်ငေါက်ထိုးရင်းပြောနေခြင်းဖြစ်သည်။

'ဘာလို့ကျွန်တော့်ကြောင့်လို့ပြောတာလဲ ကျွန်တော်ထင်တာတော့ ဒါကခဗျားကြီးကြောင့်ဘဲ ခဗျားကြီးကမင်းဇေကို ပြန်တွဲဖို့ပြောခဲ့တာမဟုတ်ဘူးလား သူမလုပ်ချင်တဲ့အရာကို ခဗျားကြီးကပြောလိုက်လို့ မင်းဇေခုလိုဖြစ်ရတာ.....'

ကျွန်တော်ကလည်း ခေသူမှမဟုတ်တာ မဟုတ်ဘဲနဲ့ လာမပြောနဲ့ နှစ်ဆ ပြန်ရန်တွေ့မယ်ဆိုတာ ကျွန်တော့်သူငယ်ချင်းတွေအကုန်သိကြသည်။

'မဟုတ်....မဟုတ်ဘူး....ဒါ....ဒါတွေအကုန်လုံးက....နင်.....နင့်ကြောင့်.....ဘဲ'

'ဟက်.......'

ကျွန်တော်တစ်ချက်ရီလိုက်ပြီး သူနှင့်ဆန့်ကျင်ရာဘက်သို့လှည့်လာလိုက်သည်။

အကိုဒီလိုဖြစ်နေချိန်တွင် ကျွန်တော်နဲ့မွှေးဖြူစင်တို့ ခုလိုရန်မဖြစ်သင့် ဟုကျွန်တော်ထင်သည်......ထို့ကြောင့်သာ ကျွန်တော် ဆက်မပြောတော့ ဘဲ ဒီဘက်သို့သာ လှည့်လာခဲ့လိုက်သည်။

'ဘယ်လိုဖြစ်ကြတာလဲ အရိပ်လေး....'

တည်ငြိမ်နေသော အသံဖြင့် မေးလာသော ရဲရင့်.......

အရိပ်(BL fic) Unicode+zawgyi CodeTahanan ng mga kuwento. Tumuklas ngayon