'မရပ်ဘူးကွာ အကိုလို့ သတ်မှတ်တာကိုမပြောင်းမချင်း....'
'ဟာ...အကို အရွယ်မို့လို့...အကိုလိုသဘောထားတာကို...'
'.....'
'ဟာ....တော်တော့လို့...အား..ခင်ဗျားကြီးနဲ့က ဘာမှမှမဟုတ်သေးတာကို..အား...ဟား...'
'အာ့ဆို ခု လရိပ်ကို ချစ်ခွင့်ပန်ရင်ကော...'
'....'
'လရိပ်လေး.....'
'....'
'ကိုယ်ပြန်လုပ်ရမှာလား....'
'အာ့...မလုပ်နဲ့တော့....'
'အာ့ဆို ဖြေလေ...ကိုယ့်ကို ပြန်ချစ်ပေးနိုင်မလား....'
'အရူးကြီး ကျွန်တော်က ခင်ဗျားကြီးကို မချစ်ဘဲနဲ့ ဒီထိ လိုက်လာမလားလို့....'
'ဟား...ဟား....ဟုတ်ပါပြီကွာ...'
ခုမှဘဲ အကိုက ကျွန်တော့်ကို ကလိယားထိုးသည်ကို ရပ်လိုက်တော့သည်
ကျွန်တော် ယားတတ်သည်ကို အကိုဘယ်လိုသိသည်မသိ။ ကျွန်တော်က ကျွန်တော့်ခါးကို မတော်တဆ ထိမိရင်တောင် ထခုန်တတ်သည့်သူမျိုးပင်
'ပြောပါအုံး...လရိပ်လေးက ကိုယ့်ဆီကိုဘာလို့ လိုက်လာတာလဲ...'
'ခင်ဗျားကြီးနော်....ခုနကလည်း ပြောပြီးပြီကို...'
'ထပ်ကြားချင်သေးလို့ပါ...'
'အကိုတစ်ယောက်လို သဘောထားလို့....ဟီး....'
'လရိပ်နော်...ထပ်မစနဲ့တော့ ကလိယားထိုးတာထက် ပိုဆိုးတာကို လုပ်လိုက်ရမလား...'
'ဟာ...ဗျာ...အကိုကလဲ...'
'ဘယ်လို...ကိုယ့်ကို ဘယ်လိုခေါ်လိုက်တာလဲဟင်....'
'ဟမ်...ခင်ဗျားကြီး...လို့ ခေါ်လိုက်တာ..ဟီး...'
'လရိပ်နော်....ခုနကခေါ်တဲ့ဟာလေးကို အ လေးဖြုတ်ပြီး ခေါ်ကြည့်ပါလား..'
'ဟာ...ဗျာ...ခေါ်ချင်ပါဘူး...'
'လရိပ်လေးကလည်း...တစ်ခေါက်တည်းပါကွာ...နော်..
'အ......အ....အကို....'
'အ...ကိုဖြုတ်ပြီး ခေါ်ပါဆို...'
'....က...ကို....'
'မကြားရဘူး သေချာပြန်ခေါ်...'
YOU ARE READING
အရိပ်(BL fic) Unicode+zawgyi Code
Teen Fiction§ရမ်းချေသော သူနဲ့ ဖော်ရွေလွန်းသော သူ...... ဘယ်လိုတွေ့ကြမလဲဆိုတာ....... *သူ့ပါးစပ်ကသာ မချစ်ဘူးလို့ပြောနေပေမဲ့ သူ့မျက်ဝန်းထဲက စကားတွေရဲ့ အဓိပ္ပါယ် ကိုကျွန်တော်နားလည်လိုက်ပါသည်။* သူ သူ့ကိုချစ်နေတာဘဲ
