အချိန်အတော်ကြာသည်နှင့်...
'သခင်လေး နန်းတော်သို့ ရောက်ပါပြီဆင်းတော်မူပါတော့..'
'ဟမ်..အေးအေး..'
ကျွန်တော် နန်းတွင်းဆိုသော ဤနေရာသို့ ခြေချမိလိုက်သည်နှင့် နန်းတွင်း၏ ခမ်းနားထည်ဝါမှုများကို တအံ့တဩတွေ့မြင်ရလိုက်ပေသည်
'ဝိုး...နန်းဆောင်ကြီးက အကြီးကြီးဘဲ'
ကျွန်တော်ကြည့်ဖူးသည့် တရုတ်ဇာတ်ကားတွေထဲကလိုမျိုးထက်ပင် ပို၍ကြီးကျယ်နေပေသည်
'သခင်လေး မင်းကြီးကို အရင်ဆုံးဖူးမြော်ရမှာဖြစ်ပါတယ် ဒီဘက်ကို အရင်ကြွပါ'
'အော် အေးအေး'
ကျွန်တော်ကို လာခေါ်သော ကုန်းကုန်းနောက်သို့ ကျွန်တော်ထပ်ကြပ်မကွာလိုက်သွားလိုက်သည်
'အရှင်မင်းကြီး ကျန်းမာပါစေ'
'အရှင်မင်းကြီး ရှောင်ရှန်ဝေ့ကိုခေါ်လာပါပြီ'
'ကျွန်တော်မျိုးမ ရှောင်ရှန်ဝေ့ အရှင်မင်းကြီိးကို နှုတ်ဦးဆက်ပါသည် အရှင်မင်းကြီး သက်တော်ရာကျော်ရှည်ပါစေ'
'ယွဲ့ ကုန်းကုန်း သူ့ကို သူနေရမဲ့အဆောင်ကိုပို့လိုက်ပါ ပြီးတော့ လုပ်ရမဲ့အလုပ်တွေကိုပါ တစ်ခါတည်း ပြောထားလိုက် ရပြီ သွားတော့'
'ဟုတ်ကဲ့မင်းကြီး....အရှင်မင်းကြီး သက်တော်ရာကျော်ရှည်ပါစေ'
'ကျွန်တော်မျိုးမ ရှောင်ရှန်ဝေ့ကို သွားခွင့်ပြုပါအုံး အရှင်မင်းကြီး သက်တော်ရာကျော်ရှည်ပါစေ'
ကျွန်တော် စိတ်ထဲတွင်နည်းနည်း ကသိကအောင့် ဖြစ်သွားသည်
အကိုက ခေါင်းကို တစ်ချက်ပင်မော့မကြည့်ကျွန်တော် ပြန်ထွက်သည်အထိ သူ၏ စာရွက် ပေလိပ်များကိုသာ အာရုံစိုက်ထားလျှက်...
ကျွန်တော် သိရသည်က ကျွန်တော့်အကျင့်တိုင်းပင် အကို့ကို ခိုးကြည့်ခြင်းပင်
ကျွန်တော်ထင်ထားသည်က
ဘယ်လိုဘဲဖြစ်ဖြစ် အကိုဒီလောက်ထိ အေးစက်ခဲ့လိမ့်မယ်လို့ ကျွန်တော်လုံးဝမထင်ထားပါ
YOU ARE READING
အရိပ်(BL fic) Unicode+zawgyi Code
Teen Fiction§ရမ်းချေသော သူနဲ့ ဖော်ရွေလွန်းသော သူ...... ဘယ်လိုတွေ့ကြမလဲဆိုတာ....... *သူ့ပါးစပ်ကသာ မချစ်ဘူးလို့ပြောနေပေမဲ့ သူ့မျက်ဝန်းထဲက စကားတွေရဲ့ အဓိပ္ပါယ် ကိုကျွန်တော်နားလည်လိုက်ပါသည်။* သူ သူ့ကိုချစ်နေတာဘဲ
