'ဟေ့....'
'ဟင်...လော့ပိုင်...ဘယ်ချိန်ကတည်းက ရောက်နေတာလဲ...'
'ကံကောင်းပေလို့ပေါ့ ငါ့ကိုမှတ်မိသေးတာ...'
'ခင်ဗျားကြီးဗျာ ပြောတော့ဖြင့် ခနဘဲတဲ့ ခုဘယ်နှလ ရှိပြီလဲ ကြည့်စမ်းပါအုံး'
'ငါမင်းကို ပြီးမှအကြောင်းစုံရှင်းပြမယ် ဟုတ်ပြီလား ခုတော့ဗိုက်ဆာနေပြီ'
'အားပိုင်ကိုကျွန်တော်ပြောစရာရှိတယ်ဗျ...'
ဟုဆိုရင်း လော့ပိုင်က ကျွန်တော့်ပုခုံးကိုသိုင်းဖက်ကာ အကျီအမည်းနှင့်လူကိုနောက်ကျောပေးကာ ထွက်ခဲ့လိုက်သည်
ထိုနေရာတွင် ရှောင်ရှန်ဝေ့ မသိခဲ့သည်က လော့ပိုင်ကို ဝန်တိုသလိုမျက်လုံးဖြင့်ကြည့်နေသူတစ်ယောက်ရယ် သူ့ကို အစိမ်းလိုက်စားမတတ်ကြည့်နေသော သူတစ်ယောက်ရဲ့မျက်လုံးရယ်ကို သူမမြင်ခဲ့ပေ။
'ရှန်ဝေ့ပြောစရာရှိတယ်ဆို ပြောလေ..'
'ဟိုလေ....ဟို....ကျွန်တော်လေ....ပ်ီဇာဆိုတဲ့မုန့်ကို လုပ်ရောင်းနေတယ် လို့ပြောမလို့ပါ..'
'ဘာကြီး.....ဘာဇာ.....'
'ပီဇာ...ပီဇာ...'
'အော် ငါ့ကိုလဲ ချကျွေးအုးလေ အဲ့ပီဇာဆိုတဲ့မုန့်ကို မြည်းစမ်းကြည့်ရအောင်'
'ဟုတ် ခနစောင့် ကျွန်တော် လုပ်ထားပြီးပြီ...'
'အေးအေး...ဘယ်လိုလဲ ရောင်းကောင်းလား..'
'မဆိုးဘူးလို့ပြောရမှာဘဲ...'
'ကောင်းပါတယ် ငါမရှိတဲ့ဒီကြားထဲကော နေရတာ အဆင်ပြေရဲ့လား'
'ပြေမှပြေ...အကောင်းဆုံးဘဲ....'
'ဘာ...မင်းသဘောက ငါမရှိရင် အကောင်းဆုံးလို့ပြောတာလား....'
'ဟဲဟဲ လော့ပိုင်ကလည်း စိတ်ကြီးဘဲ ကျွန်တော်ကဒီတိုင်း ပါးစပ်ကနေ လွှတ်ထွက်သွားတာကို'
'အေးပါကွာ ငါကစလိုက်တာကို ဟက်..'
'ဟီးဟီး....လော့ပိုင် ခနလေး မုန့်ကရလောက်ပြီ...'
'အေး...'
ကျွန်တော် ပြန်လာတော့ လော့ပိုင်ရဲ့မျက်နှာချင်းဆိုင်မှာထိုင်နေသော သူတစ်ယောက်ကိုတွေ့လိုက်သည်...
ВЫ ЧИТАЕТЕ
အရိပ်(BL fic) Unicode+zawgyi Code
Подростковая литература§ရမ်းချေသော သူနဲ့ ဖော်ရွေလွန်းသော သူ...... ဘယ်လိုတွေ့ကြမလဲဆိုတာ....... *သူ့ပါးစပ်ကသာ မချစ်ဘူးလို့ပြောနေပေမဲ့ သူ့မျက်ဝန်းထဲက စကားတွေရဲ့ အဓိပ္ပါယ် ကိုကျွန်တော်နားလည်လိုက်ပါသည်။* သူ သူ့ကိုချစ်နေတာဘဲ
